18 ပတ် - ဘာသာပြန်ပါ။

လားရှိးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်မယ်လို သတင်းထွက်ပေါ်
*******************
(ပြည်တွင်း) မေလ ၁၃
ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA လက်ထဲကနေ တပ်မတော်က လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လေဆိပ်ကိုပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။

လားရှိုးမြို့လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကြောင်တွေကို ပြန်လည်းပြုပြင်နေပြီး မကြာခင် လားရှိုးလေဆိပ်ကနေ လေကြောင်းခရီစဉ်တွေကို ပြန်လည်ပြေးဆွဲဖို့ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ခရီးသည်နဲ့အရေးကြီးကုန်စည်တွေအတွက် မြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ရေးအတွက် လေကြောင်းသယ်ယူပို့ဆောင်ရေးက အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်တဲ့အတွက် လေဆိပ်ကို မဖြစ်မနေ ဖွင့်လှစ်ဖို့လိုတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပေမယ့် ဘယ်နေ့မှာပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

image