တစ်ကိုက်စားမိတာနဲ့ လူဖြစ်ရကျိုးနပ်သလို ခံစားသွားရမယ့် တရုတ်စတိုင် ကြက်ဥချိစ်ပီဇာလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ
ကျွန်တော်က ပြောပြပေးသွားမှာဖြစ်ပါတယ်။
ပီဇာပြင်ဆင်ဖို့အတွက် အရင်ဆုံးလတ်ဆတ်တဲ့ ကြက်ဥသုံးလုံးကို အနှစ်ရောအကာပါ ပန်းကန်လုံးထဲဖောက်ထည့်ပြီး အပေါ်နေက ကြက်သွန်မြိတ်၊ အသားနုတ်နုတ်စင်းလေးတွေနဲ့ ငရုတ်ကောင်း၊ ဆားအနည်းငယ်ပါ ရောထည့်ပြီး မွှေထားလိုက်ပါမယ်။
ပြီးရင်တော့ မကပ်တဲ့လက်ကိုင်အိုးထဲကို ဟင်းသီးဟင်းရွက်ဆီအနည်းငယ်ထည့်ပြီး ပူလာတဲ့အခါ ခုနကမွှေထားတဲ့ကြက်ဥကိုရောကြော်လိုက်ပါ။
ပီဇာရဲ့အသက်ဖြစ်တဲ့ အရသာသေချာနယ်ထားတဲ့ ဂျုံပြားကိုလည်း ကြက်ဥပေါ်မှာ အသာလေးတင်ပြီး ရဲသွားတဲ့အထိ ဟိုဘက်ဒီဘက်ပြောင်းလှန်ပေးရပါမယ်။
နောက်ဆုံးမှာဂျုံပြားလေးရဲလို့ အနံ့မွှေးလာပြီဆိုရင်တော့ မိမိနှစ်သက်ရာ ချိစ်အမျိုးအစားကိုရောထည့်ပြီး နွေးသွားတဲ့အထိ အပူပေးလိုက်လို့ရပါပြီ။
နောက်ဆုံးမှာ ဓ-ားနဲ့သေချာလေး လှီးဖြတ်ပြီး ပန်းကန်ပေါ်တင်လိုက်ရင်တော့ အနံ့နဲ့တင် လူဖြစ်ရကျိုးနပ်တဲ့ တရုတ်စတိုင် ကြက်ဥချိစ်ပီဇာလေးကို ရရှိပြီဖြစ်ပါတယ်။

image