Peacemaker Season 2 မှာ Guy Gardner နဲ့ Hawkgirl တို့လည်းပါဝင်မယ်
Peacemaker Season 2 ရဲ့ ပထမဦးဆုံး Trailer ထွက်လာပြီး John Cena ရဲ့ R Rate ပုံစံတွေကို DC Universe အသစ်မှာပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇာတ်လမ်းက Creature Commandos Series အပြင် Superman နဲ့ပါ ချိတ်ဆက်ထားမှာဖြစ်တာကို Trailer ထဲမှာ Guy Gardner နဲ့ Hawkgirl တို့ကိုပြပြီး မိတ်ဆက်သွားခဲ့ပါတယ်။
Peacemaker Season 1 မှာဆိုရင်လည်း တော်တော်ဗရုတ်ကြခဲ့ပြီး Butterfly လို့ခေါ်တဲ့ လူတွေရဲ့ ဦးနှောက်ကို Control လုပ်ထားတဲ့ ကပ်ပါးပိုးတွေကို သုတ်သင်ရတဲ့ မစ်ရှင်ကို လုပ်ခဲ့ရပြီး Peacemaker ရဲ့အဖေဖြစ်သူနဲ့လည်း သူတစ်ပြန်ကိုယ်တစ်ပြန်ချကြတာတွေကိုတွေ့ခဲ့ရပါတယ်။
ဒီထဲမှာ သရုပ်ဆောင်တွေအနေနဲ့ Danielle Brooks က The Suicide Squad ရဲ့ တည်ထောင်သူဖြစ်တဲ့ A.R.G.U.S. ခေါင်းဆောင် Amanda Waller (Viola Davis) ရဲ့ သမီးအဖြစ် ပါဝင်ထားပါတယ်။ နောက်ပြီး Freddie Stroma က ရယ်စရာကောင်းတဲ့ ရာဇဝတ်နှိမ်နင်းသူ Vigilante အဖြစ်၊ Steve Agee က A.R.G.U.S. အေးဂျင့် John Economos အဖြစ်၊ Jennifer Holland က A.R.G.U.S. အေးဂျင့် Emilia Harcourt အဖြစ်၊ Robert Patrick က Peacemaker ရဲ့ လူမျိုးရေးခွဲခြားတတ်တဲ့ အဖေ August “Auggie” Smith ခေါ် White Dragon အဖြစ်၊ နောက်ထပ် Sol Rodriguez၊ Tim Meadows တို့လည်း ပါဝင်ထားပါသေးတယ်။ နောက်ပြီး Peacemaker ရဲ့ အချစ်တော် ငှက်လေး Eagly လည်း ပါမှာပါ။
Season 2 ဇာတ်လမ်းကတော့ The Suicide Squad မှာ Rick Flag Sr. ရဲ့သား Rick Flag Jr. (Joel Kinnaman) ကို သတ်ခဲ့တာမို့ အခုလာမယ့် Peacemaker Season 2 မှာ Creature Commandos ထဲက Rick Flag Sr. က Peacemaker ကို လိုက်ဗျင်းမယ့်ပုံစံမျိုးကြည့်ရမှာဖြစ်ပါတယ်။
Peacemaker Season 2 ကိုတော့ ဩဂုတ်လ 21 ရက်နေ့မှာ Max မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပြီး၊ အပိုင်း 8 ပိုင်းပါဝင်မှာဖြစ်ပါတယ်။
