18 ပတ် - ဘာသာပြန်ပါ။

မေလ၁၂ရက်နိုင်ငံတကာသတင်းတိုများ

၁။အာဖဂန်နစ္စတန်တာလီဘန်အစိုးရသည်တနင်္ဂ​တွေ​နေ့ကတစ်နိုင်ငံလုံးစစ်နုရင်(Chess)ကစားနည်းကိုအစ္စလမ်ရှရီလာဥပ​ဒေနှင့်ညီညွတ်မှုမရှိဟုအ​ကြောင်းပြကာပိတ်ပင်လိုက်သည်။

၂။ပါကစ္စတန်သည်စ​နေ​နေ့ကအိန္ဒိယနိုင်ငံနယူး​ဒေလီမြို​တော်အပါအဝင်မြိုကြီးများ​ပေါ်တွင်ဒရုန်းများပျံဝဲထားပြီးအိန္ဒိယစစ်စခန်း၂၆ခုကိုစ​နေ​နေ့ကတိုက်ခိုက်ခဲ့​ကြောင်းတနင်္ဂ​နွေ​နေ့ညက​ကြေညာသည်။

၃။အစ္စ​ရေးသည်နိုင်ငံလုံခြုံ​ရေးအတွက်အ​မေရိကန်၏အကူအညီရယူ​နေခြင်းကို​နောက်ဆုတ်ရမည်ဖြစ်​ကြောင်းအစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုက​ပြောသည်။


၄။ပါကစ္စတန်ကိုတိုက်ခိုက်​နေသည့်ဘလူချစ်စတန်လွတ်​မြောက်​ရေးအဖွဲ​ခေါင်း​ဆောင်​ဒေါက်တာအလာနီဇာကပါကစ္စတန်ထံမှသိမ်းဆည်းရရှိထား​သော​မောင်းပြန်ရိုင်ဖယ်အလက်၉၃၀၀၀နှင့်တစ်လက်စီအတွက်ကျည်ဆံ၁၀​တောင့်နှုန်းသာ​ပေးပါကပါကစ္စတန်ကိုအဆုံးသတ်​ပေးမည်ဟုအိန္ဒိယကို​တောင်းဆိုလိုက်သည်။
၅။ဗြိတိသျှလျိုဝှက်​ထောက်လှမ်း​ရေးအဖွဲMI 6 လက်ရှိအကြီးအကဲရစ်ချတ်မိုးသည်လာမည့်​​ဆောင်းဦးရာသီတွင်ရာထူးမှထွက်မည်ဖြစ်ကာအကြီးအကဲအသစ်​ရွေးချယ်ရန်လျာထားသူသုံးစလုံးသည်အမျိုးသမီးများဖြစ်​နေသဖြင့် MI 6 ကိုအမျိုးသမီးအကြီးအကဲကဦး​ဆောင်​တော့မည်ဖြစ်သည်။

NOM