18 ပတ် - ဘာသာပြန်ပါ။

၂၀ ရာစုရဲ့ နျူကလီးယား ရူပဗေဒ နိုးထလာချိန်မှာ ဒြပ်စင်တွေဟာ သဘာဝအလျောက် ရေဒီယိုသတ္တိကြွမှု လျော့ကျခြင်း (radioactive decay) နဲ့ဖြစ်စေ၊ ဓာတ်ခွဲခန်းထဲမှာ နျူထရွန် (neutrons) ဒါမှမဟုတ် ပရိုတွန် (protons) တွေနဲ့ တိုက်ခွဲခြင်းဖြင့်ဖြစ်စေ တခြားဒြပ်စင်တွေအဖြစ် ပြောင်းလဲနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
စကြာဝဠာကြီးထဲမှာတော့ သဘာဝအလျောက် ရွှေစင်သတ္တုဖြစ်ပေါ်ပုံအနေနဲ့ Neutron star နှစ်ခု အချင်းချင်းတိုက်မိတဲ့အခါ သို့မဟုတ် supernova ပေါက်ကွဲမှုဖြစ်စဉ်များ အတွင်းမှာ Heavy element များရိုက်ခတ်မှုကနေ အဆင့်ဆင့် ဖြစ်ပေါ်ပါတယ်။
အရင်ကလည်း ရွှေကို နည်းလမ်းမျိုးစုံနဲ့ လူလုပ်အဖြစ် ထုတ်လုပ်ခဲ့ဖူးပေမယ့် ပြင်သစ်နိုင်ငံ အခြေစိုက် CERN သိပ္ပံအဖွဲ့အစည်း မှ ALICE ပူးပေါင်းအဖွဲ့ဟာ အခုအခါ LHC (Large Hadron Collider) မှာ ခဲ (Lead ) Nuclei တွေ အချင်းချင်း အနီးကပ် ဖြတ်သန်းတိုက်မိတဲ့ နည်းလမ်းသစ်နဲ့ ခဲကို ရွှေအဖြစ် ပြောင်းလဲတာကို တိုင်းတာနိုင်ခဲ့ပါတယ်။
ဒီလို တိုက်ခွဲမှုကနေ ထွက်ရှိလာတဲ့ ပမာဏက Picogram 10 -¹² gram သာရှိတဲ့ အမှုန် ပမာဏလေးလောက်ပဲဖြစ်တာကြောင့်စီးပွားဖြစ်အမြောက်အမြား ထုတ်ဖို့ကတော့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။
ဒါပေမယ့် ဒီလို ခဲ Nuclei နှစ်ခုကို ပစ်တိုက်ခွဲပြီး ရွှေအဖြစ်ကိုပြောင်းနိုင်ကြောင်းလက်တွေ့သက်သေပြနိုင်တာကတော့ လေ့လာစရာ အမြတ်တစ်ခုဖြစ်ပါတယ်။အရင်က စကြာဝဠာကြီးထဲက Neutron star နှစ်လုံးတိုက်မိမှသာ တွေ့ရတဲ့ဖြစ်စဉ်ကို ဥရောပနယ်စပ်က ကွင်းပြင်လေးတစ်နေရာရဲ့မြေအောက် ပေ၃၀၀ ခန့်မှာ ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကတော့ ဂုဏ်ယူစရာဖြစ်ပါတယ်။
CERN အဖွဲ့အစည်းဟာ ပြင်သစ်နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံ ကြားက လွင်ပြင်ဒေသတစ်ခုကြားမှာတည်ရှိပြီး အခုလက်ရှိမှာ နိုင်ငံပေါင်း ၁၀၀ ခန့်က သိပ္ပံပညာရှင် သုတေသန reasecher ၁၂၀၀၀ ခန့် အတူတကွ စကြာဝဠာကြီးရဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး ဒြပ်မှုန်တွေရဲ့ သဘာဝကို လေ့လာနေကြပါတယ်။
ဒီလိုလေ့လာမှုတွေထဲက နောက်ထပ် တွေ့ရှိမှုတစ်ခုအဖြစ် ခဲသတ္တု နှစ်ခုကို အချင်းချင်းတိုက်မိစေခြင်းကနေ ရွှေnuclei အဖြစ်ပြောင်းလဲနိုင်ပုံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လက်တွေ့ စမ်းသပ် တွေ့ရှိလာခဲ့တာဖြစ်ပါတယ်။
အရင်ကလည်း Higgs boson လို့၁၉၆၀ ခုနှစ်များက သီအိုရီထုတ်ထားပြီး ရှာဖွေနေခဲ့တဲ့ Subatomic particle ကို ၂၀၁၂ ခုနှစ်က LHC(large Hadron collider ) ကိုသုံးပြီး တည်ရှိကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။
၁၉၉၈ ခုနှစ်က စတင်တည်ဆောက်ထားခဲ့တဲ့ LHC collider နောက်ထပ် အံအားသင့်ဖွယ် သိပ္ပံပညာရပ်ရဲ့ အချက်အလက်များကို ဘယ်လိုယူဆောင်လာဦးမလည်းဆိုတာကတော့ စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပါတယ်

image