ပူတင်နဲ့ တွေ့ဖို့ တူရကီမှာ လူကိုယ်တိုင်စောင့်နေမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော
ကိဗ်ယက်၊ မေ-၁၂-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ တူရကီမှာ လူချင်းတွေ့ဖို့ အဆင်သင့်ပဲလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တူရကီမှာ နှစ်နိုင်ငံအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ပူတင်ရဲ့ကမ်းလှမ်းမှုကို ယူကရိန်းက သဘောတူဖို့ ဒေါ်နယ်ထရန့်က တိုက်တွန်းပြီးနောက် ယူကရိန်းသမ္မတက အခုလို ထုတ်ဖော်ပြောဆိုလာတာပါ။
သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေတာကို ခွင့်မပြုနိုင်တော့ကြောင်းနဲ့ မေ ၁၅ ရက်မှာ ပူတင်ကိုတွေ့ဖို့ တူရကီမှာ ကိုယ်တိုင်ကိုယ်ကျ စောင့်နေမယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အပစ်အခတ်ရပ်စဲပြီးမှသာ ယူကရိန်းအနေနဲ့ ရုရှားနဲ့ ဆွေးနွေးမယ်လို့ သူက အစောပိုင်းမှာ ပြောဆိုထားပါတယ်။
ကိဗ်ယက်မှာ ဗြိတိန်အပါအဝင် ဥရောပခေါင်းဆောင် လေးယောက်ဟာ ကိဗ်ယက်မှာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး ကူညီရေး ညွှန့်ပေါင်းအဖွဲ့ အစည်းအဝေးတရပ်ပြုလုပ်ပြီးနောက် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်းဆိုမှုပြီးနောက် ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ရဲ့ ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။ ဆွေးနွေးပွဲမတိုင် အပစ်အခတ်ရပ်စဲရေးကို ရုရှားက သဘောတူဖို့ မျှော်လင့်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးအသစ် ဖြစ်နိုင်ခြေကို ငြင်းဆိုခြင်းမရှိပေမယ့် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုခြင်းမရှိပါဘူး။ ရရှားကတော့ အပစ်အခတ်ရပ်စဲရေး မပြုလုပ်ခင် အနောက်နိုင်ငံတွေအနေနဲ့ လက်နက်ထောက်ပံ့တာတွေ ရပ်တန့်ရမယ်လို့ ရုရှားက အစောပိုင်းမှာ ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

image