The Privilege (2022) မြန်မာစာတန်းထိုး
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ဒီနေ့မှ Netflix ကအသစ်စက်စက်ထွက်ရှိထားတဲ့ဂျာမန် horror ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်၊၊ သာမန်ခြောက်ကြမယ်ပြေးကြမယ် horror ကားတွေကိုငြီးငွေ့နေတယ်ဆိုရင်ဒီကားလေးကကြည့်သင့်တဲ့ကားတစ်ကားပါ၊၊ နာနာဘာဝဝိညာဥ်တွေရယ် သိပ္ပံပညာကိုအသုံးချပြီးမူးယစ်ဆေးဝါးဖော်စပ်တာရယ် မတူတဲ့ ဇာတ်လမ်းနှစ်မျိုးကိုပေါင်းပြီးဖော်ပြသွားတာဟာ horror ကားတစ်ကားအနေနဲ့ မတူတဲ့အရသာတစ်မျိုးကိုပေးနိုင်တဲ့ကားလေးပါ၊၊ ဇာတ်အိမ်ကလည်းခပ်သွက်သွက်နဲ့မပျင်းရမယ့်ကားမျိုးဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်၊၊
