အစ္စကို - ရီးရဲလ်ကနေ ထွက်ခွာခဲ့ပြီး ဆီဗီလာကိုရောက်ပေမယ့် စာချုပ်ဖျက်သိမ်းခံခဲ့ရပါတယ်။ ယူနီယံဘာလင်ကို ပြောင်းဖို့စီစဉ်ပြီးမှ ပျက်ပြယ်ခဲ့ရပြီး ၉ လလောက် ဘောလုံလောကနဲ့ ဝေးကွာခဲ့ရပါတယ်။
အန်တိုနီ - ဒီရာသီ ယူနိုက်တက်မှာ ရာသီဝက်လောက် အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။ ဝိုင်းလှောင်ပြောင်ခံရမှုတွေအောက်မှာ နေခဲ့ရပြီး ဘက်တစ်ကို အငှားနဲ့ထွက်ခဲ့ရပါတယ်။
အခုတော့ သူတို့နှစ်ယောက်က ဘက်တစ်မှာ အတွဲညီတဲ့ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပြီး ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲဆီ အသင်းကို ပို့ပေးထားနိုင်ခဲ့ပါပြီ။
