နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို အခြားနိုင်ငံ့ အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်
******************
(ပြည်တွင်း) မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာ မျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ဒေသစံတော်ချိန် ညပိုင်းတွင် ကရင်မလင် နန်းတော်၌ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အခြားနိုင်ငံ့အကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိနေသည့် အခြားနိုင်ငံ့အကြီးအကဲများအား ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ကြိုဆိုနှုတ် ဆက်ခဲ့ကြောင်း သိရသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံ့အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် အတူ Andereevsky ခန်းမ၌ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်ဂုဏ်ပြုကပွဲကို အတူတကွ ကြည့်ရှုကြခဲ့ကြောင်း သိရသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခြားနိုင်ငံ့အကြီးအကဲများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် အတူ Aldxandrovsky ခန်းမ၌ ညစာ အတူတကွသုံးဆောင်ကြခဲ့ကြောင်း သိရသည်။
ညစာသုံးဆောင်အပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ညစာစားပွဲသို့ တက်ရောက် လာကြသည့် နိုင်ငံ့အကြီးအကဲများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
