LNG ဓာတ်အားပေးစက်ရုံအတွက် ဓာတ်ငွေ့ရည်ပံ့ပိုးပေးမည့် သင်္ဘောကြီးကို သွားရောက်သယ်ဆောင်
ရန်ကုန်၊ မေ ၉
အလတ်စား LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးမယ့် CNTIC VPOWER ENERGY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ကြောင်း Singhai Marine Services-Yangon က ထုတ်ပြန်ပါတယ်။
အဆိုပါ သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ဖို့ Singhai Marine Services-Yangon မှ သင်္ဘောသား ၁၄ ယောက်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ခရီးစဉ်မှာ လိုက်ပါသွားတဲ့ သင်္ဘောသားတွေအနေနဲ့ LNG ဓာတ်ငွေ့ရည် တင်ဆောင်မယ့် သင်္ဘောကြီးနဲ့ ပြန်လည်လိုက်ပါလာပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်မယ်လို့ သိရပါတယ်။
