8 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ယာယီရပ်နားထားသည့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များပြန်လည်ပြေးဆွဲမည်
ယခုရက်ပိုင်းအတွင်း မော်လမြိုင်-ရန်ကုန် နှင်းပုလဲဘူတာနှင့်တောင်စွန်းဘူတာကြားရှိ ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ယာယီရပ်နားထားသည့်ခရီးစဉ်များကို ယခုမေလ ၁၀ ရက်တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပြင်ဆင်မှုလက်ရှိအခြေနေကပြီးသလောက်ဖြစ်နေပါပြီ။ စမ်းသပ်မောင်းနှင်တာတွေလုပ်နေပြီ။ ခရီးစဉ်ကို မေ ၁၀ ရက်မှာ အားလုံးပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမှာပါ" ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြန်လည်ပြေးဆွဲသွားမည့်ရထားခရီးစဉ်အတွက် အထက်တန်းရက်ကြိုလက်မှတ်များကို မော်လမြိုင်ဘူတာကြီးရက်ကြိုလက်မှတ်ရုံ၌ ယနေ့(မေ ၈ ရက်) နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိရောင်းချပေးမည်ဖြစ်ပြီး ရိုးရိုးတန်းရက်ကြိုလက်မှတ်များကို မနက်ဖြန်(မေ ၉ ရက်) တွင် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး

image