8 w - Translate

Google က ပိုက်ဆံပေးနေပေမယ့် မျက်နှာလွှဲတော့မယ့် Apple
.
လွန်ခဲ့တဲ့ ၂၀၂၂ တုန်းက ထွက်လာတဲ့သတင်းတစ်ခုမှာ Google ဟာ Apple ရဲ့ ကိုယ်ပိုင် Web Browser - Safari ရဲ့ Default Search Engine အဖြစ်ရှိနေဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၂၀ ဘီလီယံခန့် ပေးထားရတာဖြစ်ပါတယ်။
အခုအချိန်အထိလည်း Safari မှာ Google က Default Search Engine ဖြစ်နေတာကြောင့် Google ဘက်က Apple ကို နှစ်စဥ် ငွေကြေးအမြောက်အများပေးနေတုန်းလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုကြတော့ Apple ကနေ Google အပြင် တခြား Search Engine တွေကိုပါ Safari မှာ ထည့်သွင်းဖို့ စဥ်းစားနေပါပြီ။
အခုသတင်းကို Apple ရဲ့ Services ဌာနကို Senior Vice President အဖြစ် တာဝန်ယူထားတ့ Eddy Cue ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ဟာ လာမယ့်နှစ်တွေမှာ Safari Browser ကို AI Search Feature တွေ ထည့်သွင်းဖို့ ဆောင်ရွက်နေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
Apple ဘက်ကနေ လက်ရှိအချိန်မှာ နာမည်ကြီး AI Search Engine တွေဖြစ်တဲ့ Perplexity ၊​ OpenAI နဲ့ Anthropic စတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိအချိန်မှာ အဆိုပါ AI Search Service တွေက အကောင်းဆုံးအခြေအနေမှာ မရှိနေသေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Search Engine ပြောင်းရမယ်ဆိုတာနဲ့ ချက်ချင်း ပြောင်းသုံးဖို့အထိ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်နေပြီဖြစ်ပါတယ်။​
ဒီလိုမျိုး AI Search Feature တွေကို Safari မှာ ထည့်သွင်းဖို့ စဥ်းစားရတာကလည်း ပြီးခဲ့တဲ့ လပိုင်းမှာ ပထမဆုံးအနေနဲ့ အသုံးပြုသူတွေက Safari မှာ မေးမြန်း Search ပြုလုပ်မှုတွေ လုပ်ဆောင်တာက ထိုးဆင်းသွားတာကြောင့်ဖြစ်ပါတယ်။
အခုလို Safari မှာ မရှာကြတော့တာက သက်တမ်း ၂၂ နှစ်အတွင်းမှာ ပထမဆုံးဖြစ်သလို Google ဘက်ကလည်း Apple ကို Safari က Google Search မှာ ရှာဖွေမှုအကြိမ်အရေအတွက် များပြားမှ ကြောငြာ Ad Revenue အရေအတွက် ပေါ်မှာ မူတည်ပြီး Apple ကို ပိုက်ဆံပေးတာဖြစ်တာကြောင့် Apple ဘက်ကကြည့်ရင်လည်း ဝင်ငွေ ရရှိမှု လျော့နည်းသွားမှာပါ။
တကယ်လည်း ကိုယ်တွေတောင် iPhone မှာ တစ်ခုခုသိချင်ရင် Safari မှာ Google ခေါက်မယ့်အစား Arc Search ကနေ Browse For Me နဲ့ AI ကိုပဲ မေးလိုက်တာဆိုတော့ Apple လည်း Safari ကို ခေတ်နောက်မကျန်ခဲ့အောင် လုပ်ချင်တဲ့ပုံပါပဲ...။​
ခုဖတ်နေတဲ့သူတွေရော Google ခေါက်တာနဲ့ AI ကို မေးတာ ဘာပိုအသုံးများကြလဲ...​?​

image