8 w - Translate

လှလေခက်လေ(သို့)ပျိုမနိုင် (Dombeya ဒွန်ဘီးယား)

🌸🌸🌸💐‘လှလေခက်လေ’ ပန်းမှာ အပူပိုင်းအာဖရိက ဇာတိဖြစ်သည်။ တောခြောက်လပန်းလည်း ခေါ်သည်။ အဖြူရောင်၊ ပန်းနုရောင်၊ ပန်းရောင်၊ ပန်းဆီရင့် စသည့် အရောင်များရှိသည်။ ဝတ်ဆံအရောင်များ သည်လည်း အနီမှအဖြူထိရှိသည်။
(၁၉၇၃)ခုနှစ်၌ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနက လှလေခက်လေကို စီးပွားဖြစ်စိုက်ပျိုးနိုင်ရန် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့တွင် မျိုးထုတ်ဖြန့်ချိခဲ့သည်။ ထို့နောက် ဖလော်ရီဒါတစ်ပြည်နယ်လုံး စိုက်ပျိုးပျံ့နှံ့သဖြင့် ဖလော်ရီဒါခြောက်လပန်းဟုပင် ခေါ်လာကြသည်။
မြန်မာနိုင်ငံ၌ လှလေခက်လေ(ပန်းရောင်) Dombeya Seminole အများဆုံးစိုက်ပျိုး၏။ ဆောင်းရာသီ တွင် ပန်းပွင့်သည်။ ရနံ့သည် ပျားရည်နံ့သင်းသဖြင့် ပျား၊ ငှက်၊ လိပ်ပြာ တို့ခုံမင်သည်။ ကြံ့များသည် အရိုးရော အခေါက်ပါ စားသုံးသည်။ ပန်းခိုင်သည်အဆုပ်လိုက်ပွင့်ပြီး ခြောက်လျှင် လိမ္မော်ခြောက်ရောင်သို့ ပြောင်းကာ ပန်းမကြွေဘဲ အခိုင်လိုက်ကျန်သည်။ အရွက်သည် သုံးခွချွန်ဖြစ်သည်။

image