8 w - Translate

ပိုလှ ပိုသေးသွားတဲ့ Microsoft Surface Pro 12 နဲ့ Surface Laptop 13
.
မနေ့ညတုန်းက Microsoft ကနေ Surface Device အသစ်တွေ - Surface Pro 12 နဲ့ Surface Laptop 13 တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Surface အသစ်တွေက လုံးဝ ပုံစံပြောင်းသွားတာမျိုးမဟုတ်ပေမယ့် အရင်နဲ့ယှဥ်ရင် သိသိသာသာကွဲထွက်လာပါပြီ။​
အရင်ဆုံး Surface Pro 12 က အရှေ့တုန်းက Surface Pro တွေလိုမျိုး 2-in-1 Tablet ပဲ။ ဒါပေမယ့် Screen Size ပိုသေးတဲ့ 12-inch LCD Display ကို သုံးထားတယ်​၊​ Resolution အရ 2196 x 1464 Pixels ရှိပြီး Refresh Rate ကလည်း 90Hz ပဲဖြစ်သွားမယ် - ဒါက Size ပိုကြီးတဲ့ Surface Pro တွေလိုမျိုး OLED Display တွေ​၊​ 120Hz ရနေတာကနေ Downgrade တောင် ဖြစ်သွားသေးတယ်။
ပြီးတော့ နောက်ထပ် Downgrade ဖြစ်တာက Front Selfie Camera ကလည်း ပုံမှန် 1080p Camera ပဲဖြစ်သွားမယ်၊​ အနောက် Back Camera ကတော့ 10MP Camera ကိုမှ နေရာကလည်း ထောင့်ရောက်သွားပြီး Portrait ပုံတွေရိုက်ရင် ပိုအဆင်ပြေသွားပြီ။​
အဲ့အပြင် Surface Pro 12 က နောက်ဖက် Hinge Design ကလည်း ပုံစံနည်းနည်းကွဲသွားတယ် - အရင် Surface Signature Feature တွေဖြစ်တဲ့ MicroSD Card ထည့်ရတာမျိုး၊​ SSD ကို အလွယ်လဲလို့ရတဲ့ SSD Cover တွေလည်း မပါတော့ဘူး။ ပိုပြီး Signature Feature ကို ပျောက်သွားတာက အားသွင်း၊​ Dock နဲ့ချိတ်ရတဲ့ Surface Connector က ဒီ Surface Pro 12 မှာ လုံးဝဖြုတ်ချလိုက်ပြီ - Port ဆိုလို့ USB-C Port ၂ ခုပဲ ပါတော့မယ်။
ကျန်တဲ့ပြောင်းလဲမှုတွေက ဒီဇိုင်းက ဘောင်လေးဖက်က လုံးလုံးလေးဖြစ်သွားမယ်၊ Display Bezel ဘောင်တွေ Symmertical ဖြစ်လာတယ်၊ Surface Pen ကို Samsung Tablet တွေလို အနောက်မှာ သံလိုက်နဲ့ ကပ်ရတာဖြစ်သွားပြီ၊ Type Cover ကလည်း အခုပုံစံပြောင်းသွားပြီး Type Cover လို့တောင်မခေါ်တော့ပဲ​ Detachable Keyboard ဆိုပဲ။​
Surface Laptop 13 ကလည်း Pro လိုမျိုးပဲ Size နည်းနည်းပိုသေးတဲ့ 13-inch FHD LCD Display ဖြစ်သွားမယ်၊ Refresh Rate က 60Hz ပဲ။​ Webcam ကလည်း 1080p Webcam ပဲဖြစ်မယ်။​
ဒီဇိုင်းပိုင်းကတော့ Surface Pro 12 လောက်တောင် ပြောင်းလဲတာမျိုးမရှိဘူး၊ Aluminum Chassis ၊​ 1.22Kg နဲ့ USB-A Port ၁ ခု၊​ USB-C Port ၂ ခုပါမယ်။
အခု Surface Pro 12 နဲ့ Surface Laptop 13 ၂ ခုစလုံးမှာ ထူးခြားချက်က Processor ပိုင်းကို Qualcomm ရဲ့ Snapdragon X Plus (8-Core) Processor ကိုပဲ သုံးထားတာပါ။ Surface Pro 12 မှာဆိုရင် Fan-less ဖြစ်သွားတော့ အရင် Surface Pro လိုမျိုး အပေါ်မှာ အပူလေတွေထုတ်တဲ့ Vent တွေလည်း မပါတော့ဘူး။​ တခြားကတော့ RAM 16GB LPDDR5x RAM ကို သုံးထားမယ်၊​ 256GB Storage ကနေစပြီး 512GB Option ကို တက်ရွေးလို့ရမယ်။
စျေးနှုန်းတွေအနေနဲ့ဆိုရင် Surface Pro 12 ရဲ့ စျေးက $799 ပဲရှိမယ် - ဒါပေမယ့် Keyboard Cover မပါတော့ ထပ်ဝယ်ရင် နောက်ထပ် $149 ပေါင်းရမယ်။ တစ်ဖက်မှာ Surface Laptop 13 ကြတော့ $899 ကနေ စဝယ်လို့ရမယ်။ Base Model ဆိုတော့ 256GB Storage ပဲ။
အရောင်တွေကလည်း Ocean | Platinum နဲ့ Violet ဆိုပြီး ၃ ရောင်ရွေးလို့ရမယ်။​ အခုပုံတွေက Violet အရောင်ကတော့ မတရားလှချက်ပဲ -
M4 MacBook Air နဲ့ယှဥ်ရင်တော့ MacBook Air က $999 နဲ့ ပိုဝယ်သင့်ပေမယ့် အခု Surface Product အသစ်တွေက Violet အရောင်နဲ့တင် Surface Pro 12 လေး ပြန်ဝယ်သုံးချင်စိတ်ပေါက်တယ် 🫠

image