8 w - Translate

ထရမ့် meme coin ဝယ်ထားသူ ၇ သိန်း ၆ သောင်းကျော် အရှုံးပေါ်

သမ္မတနဲ့အတူ ညစာစားခွင့်ရမယ်ဆိုတဲ့ ထရမ့် meme coin က တော်တော်အရှုံးများနေပါတယ်။

ဒုတိယအကြိမ် ထရမ့်ရွေးကောက်ပွဲနိုင်ပြီး ထွက်လာတဲ့ $TRUMP meme coin ကို ဝယ်ထားတဲ့ wallets ပေါင်း ၇၆၄၀၀၀ လောက် ရင်းနှီးမြှုပ်နှံမှုမှာ ပလုံသွားခဲ့တယ်လို့ Chainalysis က ဒေတာတွေက ပြောနေပါတယ်။

အရှုံးပေါ်သွားတဲ့ wallets အများစုက token သိပ်အများကြီး ပိုင်တဲ့သူတွေ မဟုတ်ပါဘူး။ token ဝယ်ခဲ့တဲ့ wallet ၂ သန်းထဲမှာ ဒေါ်လာ ၁၀ သန်းနဲ့အထက် အမြတ်ကြီးကြီး ပိုက်မိသွားတာ ၅၈ ဦးပဲ ရှိပြီး စုစုပေါင်း ဒေါ်လာ ၁.၁ ဘီလောက် ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့် နောက်တစ်ကြိမ်သမ္မတဖြစ်ချိန် အကြီးအကျယ် ပေါက်သွားတဲ့ $TRUMP coin က လက်ကြီးသမား investor တွေကို လုပ်ကျွေးသွားခဲ့တယ်လို့ ပြောရမှာပါ။ token တွေရဲ့ ၈၀% ကလည်း ထရမ့်အိတ်ထဲမှာလို့ ပြောနိုင်ပါတယ်။

image