8 w - Translate

Alibaba ပစ္စည်းပို့ဆောင်ရေးသစ် တစ်ရက်အော်ဒါ ၁၀ သန်း ရောက်လာ
ပရိုမိုးရှင်းတွေနဲ့ စတင်ခဲ့တဲ့ Alibaba ပိုင် Delivery ဝန်ဆောင်မှုသစ်က နေ့စဉ် အော်ဒါ ၁၀ သန်းအထိ ပို့ဆောင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
Alibaba အစားအသောက်ပို့ပလက်ဖောင်း Ele.me ကနေ တစ်နာရီအရောက်ပို့ Taobao Flash ဆိုတဲ့ ပစ္စည်းပို့ဝန်ဆောင်မှုသစ်ကို မေလ ၂ ရက်က မြို့ကြီး ၅၀ ကျော်မှာ စတင် ပြေးဆွဲတာပါ။ လျှော့ဈေးတွေ ၊ ငွေသားကူပွန် နဲ့ Free drinks တွေ ရက်ရက်ရောရော ပေးပြီး စခဲ့တာ ဖြစ်လို့ အတော်ကြီး အလုပ်ဖြစ်သွားပါတယ်။
တရုတ် delivery လောကကို ကြီးစိုးနေတဲ့ JD.com နဲ့ Meituan တို့ကို ဖိုက်ဖို့ စလိုက်တဲ့ ဒီဝန်ဆောင်မှုက အစားအသောက် ၊လူသုံးကုန် ၊ လျှပ်စစ်ပစ္စည်းနဲ့ အဝတ်အစားတွေကို တစ်နာရီအတွင်း ပို့ပေးနိုင်တယ်လို့ ကြော်ငြာထားတာပါ။
ပစ္စည်းပို့တာ မြန်သလို ဝန်ဆောင်စရိတ်လည်း သက်သာလို့ Taobao Flash ကို သုံးတဲ့သူ ထိုးတက်သွားပါတယ်။ လျှော့ဈေးတွေလည်း လှိုင်နေတာ ဖြစ်လို့ ပထမဆုံးရက်မှာတင် Mixue Milk Tea ရောင်းအား ၂၀၀% တက်သွားတယ်လို့ ဆိုပါတယ်။
ပရိုမိုးရှင်းကာလမှ Milk Tea နဲ့ Coffee တွေ Free Drinks အနေနဲ့ ခွက်ရေသန်း ၁၀၀ ပေးမယ်လို့လည်း ပြောထားလို့ Taobao Flash မှာ လူတွေ ပြုံနေတာပါ။ တခြားပြိုင်ဘက် Delivery ကုမ္ပဏီတွေလည်း ၂၀၃၀ မှာ ယွမ် ၂ ထရီလီယမ်ကျော် (ဒေါ်လာ ၂၇၅ ဘီလျံ) တန် ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုမှာ အသာစီရနိုင်ဖို့ အပြိုင်အဆိုင် တိုးချဲ့မြှုပ်နှံနေပါတယ်။
ဈေးကွက်ပြိုင်ဆိုင်မှု သိပ်ပြင်းထန်တဲ့ တရုတ် delivery လောကကြီးတော့ တရုန်းရုန်းဖြစ်နေပါပြီ။

image