*အုန်းထမင်း*

အခုကျွန်မချက်ထားတာ ဆီးချိူဆန်(ဘာစမာတီ)ပါ••

ဘာစမာတီဆန်နဲ့ ချက်မယ်ဆိုရင် ဆန်ကို တနာရီလောက်ကြိုပြီး ရေစိမ်ထားပါ••

ဆန်နို့ဆီဘူး ၁လုံးကို ရေစင်အောင်ဆေးပြီး••
ပေါင်အိုးဆန်ချင်ခွက်နဲ့ ရေ ၃ခွက် အုန်းနို့၁ခွက်••
ဆားအနည်းငယ်••
သကြား၁ဇွန်း(ထမင်းစားဇွန်း)
ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်နီ၃လုံး ထည့် နှံ့အောင်မွှေပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ်••

ပုံမှန်ဆန်နဲ့ချက်ရင် ရေ၂ခွက်••
အုန်းနို့၁ခွက်ပဲ ထည့်ပါ••
ဆန်ပိုချက်မယ်ဆိုရင် အခုပေးထားတဲ့အချိူးအစားကို တိုးပြီးထည့်ပါ••

အုန်းနို့ညှစ်ပြီး ချက်မယ်ဆိုရင် ဆန်အရေအတွက်ပေါ်မူတည်ပြီး••
ဆန်၁လုံးကို ရေချင်ခွက်နဲ့ ရေ၃ခွက်နေရာမှာ အုန်းနို့ရည် ၄ခွက်ထည့်ပြီး ကျန်တဲ့ပစ္စည်းတွေက ရေးပေးထားတဲ့အတိုင်းပဲ ထည့်ပါရှင်••

အုန်းနို့ဘူးနဲ့ချက်တာက ဆန်သားဖြူပြီးအုန်းနို့မွေးတယ်ဆိုရုံပါပဲ••
အုန်းနို့ညှစ်ပြီးချက်တာက ပိုမွေးပြီး ထမင်းက ခဲရောင်လေးသန်းပါတယ်ရှင်••

အားလုံးပဲ စားကောင်းပြီး အရသာရှိတဲ့ အစား အစာလေးတွေ ဖန်တီးနိုင်ကြပါစေရှင်❤️

image