8 w - Translate

အဲ့ဒီတော့
ကိုယ့်ကိုကိုယ်သာ
အာရုံစိုက်ပါ
အဲ့ဒါဆို
အာရုံနောက်သက်သာသလို
ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ်
ပစ္စုပ္ပန်အတွက်
နေရာတစ်ခုနဲ့
သံသရာအတွက်
နေရာတစ်ခုရချင်တယ်ဆိုရင်တော့
ဘယ်သူ့အကြောင်းမှ
မသိချင်နဲ့
ဘယ်သူ့ကိစ္စမှ
ဝင်မစွက်နဲ့
ဆရာကြီးသွားမလုပ်နဲ့
ကိုယ့်အကြောင်း
ကိုယ် သိအောင်လုပ်
ကိုယ့်ကိုကိုယ်
ကောင်းအောင်းနေ
ကိုယ့်ဘဝကိုယ်
တိုးတက်ကြောင်းရှာ
ကိုယ့်စိတ်ကို မြင်အောင်ကြည့်ပြီး
ကိုယ့်စိတ်ကို ပြင်တတ်ဖို့လိုပါတယ်
ဘာပဲလုပ်လုပ်
ဘယ်နေရာပဲရောက်ရောက်
နေရာကောင်းလေးတစ်ခုရချင်တယ်ဆိုရင်တော့
စိတ်ထားကောင်းလေး လက်သပ်မွေးထားပါ။
သူများကြိုးစားတဲ့အချိန်
ကိုယ်က အိပ်နေပြီး
သူများအောင်မြင်သွားမှ
ဘာညာ ထမလုပ်ပါနဲ့
ကြိုးစားမှုတိုင်းမှာ ရလာဒ်ဆိုတာရှိစမြဲပါ
ပေးဆပ်မှုမပါဘဲနဲ့
ဘာတစ်ခုမှ ဖြစ်မလာဘူးဆိုတာတော့
သေချာပါတယ်
လောကကြီးမှာ
ပေါပေါပဲပဲ အလကားရတာဆိုလို့
အကုသိုလ် တစ်ခုပဲရှိပါတယ်လေ။
အဲ့တော့
ဆရာနိုင်းနိုင်း ပြောသလိုပါပဲ
"တောင်ခါးပန်းမှာ လူတွေပြည့်နေတယ်
တောင်ထိပ်ကို တက်ပါ
အဲ့ဒီမှာ လူရှင်းတယ်တဲ့"
နော်လို့♥️

image