8 w - Translate

Samsung DeX တောင် သုံးကြလားမသိပေမယ့် လိုက်လုပ်ကြတော့မှာပါ 👀
.
တလောတုန်းက Google ရဲ့ Android Version အသစ် - Android 16 ရဲ့ Beta Build တစ်ခုမှာ နောက်ပိုင်းအသစ်ပါလာနိုင်တဲ့ Feature တစ်ခုအကြောင်း သတင်းထွက်လာပါတယ်။ ဒါက Android ဖုန်းကို Monitor နဲ့ ချိတ်လိုက်ရုံနဲ့ Desktop PC တစ်ခုလို သုံးနိုင်မယ့် Desktop Mode ပဲ ဖြစ်ပါတယ်။
အဆိုပါသတင်းကို Android Authority ကနေတစ်ဆင့် ဖော်ပြခဲ့တာဖြစ်ပြီး Android 16 Beta ကို တင်ထားတဲ့ Pixel 8 Pro ဖုန်းကို Monitor ကို ချိတ်လိုက်တာနဲ့ PC လိုမျိုး User Interface အသစ်ဖြင့် အသုံးပြုနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
ဒါက လက်ရှိမှာ Samsung စမတ်ဖုန်းနဲ့ Tablet တွေမှာ အသုံးပြုနေတဲ့ DeX Mode နဲ့ဆင်တူပေမယ့် Android 16 ရဲ့ Desktop Mode က လောလောဆယ်မှာ Samsung DeX လို Feature တွေသေချာသုံးမရသေးတာကြောင့် Android 16 Update မှာပါဝင်လာမလား၊​ Android 17 လောက်ကြမှ ရလာမလား စောင့်ကြည့်ရမယ်ဆိုပြီး မှတ်ချက်ပြုထားပါတယ်။​
တစ်ဖက်မှာလည်း Apple ကနေ iPhone တွေကို External Monitor/Display တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Feature တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
ဒါက လက်ရှိ iPadOS နဲ့ macOS တွေက Stage Manager Feature ကို iPhone တွေမှာပါ "Full-on External Display Support" အနေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပြီး iPhone ကို USB-C Cable ကနေတစ်ဆင့် External Display ကို ချိတ်လိုက်တာနဲ့ iPad က Stage Manager လိုမျိုး User Interface ဖြင့် အသုံးပြုနိုင်စေမယ်လို့ သိရပါတယ်။
ဒါပေမယ့် လောလောဆယ်မှာ Apple ရဲ့ ဒီလို Desktop Mode Feature ကို iOS Xcode Simulator ကနေပဲ စမ်းသပ်နိုင်သေးတာဖြစ်ပြီး တကယ့် iOS Feature တစ်ခုဖြစ်လာမလားကတော့ မသိရသေးဘူးဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလို Google ကရော Apple ကပါ Desktop Mode လို Feature တွေကို တကယ်ထည့်လာမယ်ဆိုရင် အရေးပေါ် Desktop PC အနေနဲ့ သုံးစရာပေါ်လာရင် ဖုန်းကို Monitor နဲ့ ချိတ်လိုက်တာနဲ့ သုံးနိုင်တော့မလားပဲ​... 👀

image