ရိုမေးနီးယားနိုင်ငံမှာရှိတဲ့ Movile ဂူ ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 5.5 သန်းကျော်ကတည်းက ကမ္ဘာအပြင်ဘက်နဲ့ အဆက်ပြတ်နေခဲ့ပါတယ် အဲ့ဒီဂူအတွင်းက သက်ရှိတွေဟာ နေရောင်ခြည်အပေါ် မှီခို
ခြင်းမရှိဘဲ ရေထဲရှိဓာတုပစ္စည်းများအပေါ်မှာသာ မှီခိုနေပါတယ် အဏုဇီဝသက်ရှိငယ်လေးတွေဟာ အဲ့ဒီဓာတုပစ္စည်းများကို အသုံးပြု၍ စွမ်းအင်ထုတ်လုပ်ကာ အင်းဆက် နဲ့ သန်ကောင်များကဲ့သို့သော အခြားသတ္တဝါများကို ရှင်သန်စေပါတယ် အဲ့ဒီသတ္တဝါတွေကိုတော့ အလင်းလုံးဝမရှိတဲ့နေရာတွေမှာသာ တွေ့ရှိရပါတယ်
#knowledge #ဗဟုသုတ
