BREAKING: မေလ ၁၀ရက်မှာ ပေါင်တထောင်လေးတဲ့ ဂြိုဟ်တု ကမ္ဘာကို ပြန်ဝင်တိုက်မယ်။
၁၉၇၂ ခုနှစ်မှာ ရုရှားနိုင်ငံက ဗီးနပ်စ်ဂြိုဟ်လေ့လာရေးအတွက်ဆိုပြီး “ဗန်နီရာ - ၈” နဲ့ “ကော်စမို -၄၈၂ “ ဆိုတဲ့လူမဲ့ဂြိုဟ်တုနှစ်စင်း လွှတ်တင်ခဲ့ပါတယ်။
အဲ့ထဲက ကော်စမို ၄၈၂ ယာဉ်ငယ်ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာပဲ ပိတ်မိနေခဲ့တာ ဖြစ်ပြီး ၅၃ နှစ် အကြာ ၂၀၂၅ ခုနှစ် မေလ ၁၀ရက်မှာတော့ ကမ္ဘာကို ပြန်လည်ကျရောက်လာမှာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံအခြေစိုက် လေ့လာရေးပညာရှင်များမှာပါဝင်တဲ့ မာကို လန်းဘရော့ခ် ရဲ့ စောင့်ကြည့်မှုအရတော့ မေလ ၁၀ရက် ဝန်းကျင်မှာ ကမ္ဘာပေါ် ရောက်လာမှာဖြစ်ပြီး မြောက်လတ္တီကျု ၅၂ ဒီဂရီကနေ တောင်လတ္တီကျု ၅၂ ဒီဂရီကြား ရောက်နိုင်ပါတယ်။ ဆိုလိုတာက မြောကိဘက်ဆိုရင် အင်္ဂလန်နိုင်ငံကနေ တောင်ဘက်ဆိုရင် နယူးဇီလန် နိုင်ငံကြား ဘယ်နေရာမဆို ရောက်လာနိုင်တာပါ။
ဂြိုဟ်တုရဲ့အလေးချိန်ဟာ ၄၉၅ ကီလိုဂရမ် (ပေါင် တထောင်ကျာ်) ရှိတာကြောင့် ကမ္ဘာကိုဝင်တိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်ဟာ ဥက္ကာခဲအသေးတလုံး ဝင်တိုက်တဲ့ အကျိုးဆက်နဲ့ အတူတူပဲ ဖြစ်မယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်စွာပဲ နေရဲ့ ၁၁ နှစ်ရပ်ဝန်းဖြစ်စဉ်ကြောင့် ကမ္ဘာ့လေထုဟာ ပုံမှန်ထက် ပူလျက်ရှိပြီး ထုထည်ပိုကြီးလာတာဖြစ်လို့ သိပ်သည်းဆ နည်းသွားတာကြောင့် ကျရောက်မယ့်အရှိန်ကို ပိုမြန်နေစေပါတယ်။
ဗီးနပ်စ်ရဲ့ လေထုနဲ့အပူဒဏ်ကို ခံနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့အတွက် ကမ္ဘာ့လေထုနဲ့ အပူဒဏ်တို့ကြောင့်တော့ ၂၀၁၃ ခုနစ်က ဖြစ်ခဲ့တဲ့ Chelyabinsk Meteorလို (အိမ်တအိမ် အရွယ်အစားလောက်ရှိ) လေထဲမှာပဲ ပွတ်တိုက်မှုဖြစ်ပြီး ပျက်စီးသွားမှာ မဟုတ်ပါဘူး။ တချို့ကတော့ ကမ္ဘာဟာ ကုန်းမြေထက်စာရင် သမုဒ္ဒရာဧရိယာ များတဲ့အတွက် ရာခိုင်နှုန်းအားဖြင့်တော့ ရေထဲကျဖို့ များတယ် ဆိုပါတယ်။

image