Coda 2021
Deaf family ကနေကြီးပြင်းလာတဲ့ တစ်ဦးတည်းတော့ စကားပြော နားကြားတဲ့ အငယ်ဆုံးသမီးတယောက်ဖြစ်တဲ့ Ruby နဲ့ သူ့မိသားစုအတွက်ရုန်းကန်နေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ တံငါသည် မိသားစုဇာတ်ကားလေးပါ။ ဒီကားမှာ မိဘနဲ့သားသမီးကြား ၅၂၈ ချစ်ခြင်းမေတ္တာကို ဖော်ပြထားတာပီပြင်ပါတယ်။ Ruby ဆိုတဲ့ကောင်မလေးဟာ သူ့ဝါသနာနဲ့ ခံစားချက်တွေကို လစ်လျူရှုပီး မပြည့်စုံတဲ့ မိသားစုတခုအပေါ်မှာ ငယ်ဘဝကတည်းက သူတယောက်တည်း အကောင်းပကတိ မွေဖွားလာတာကြောင့် သူ့မိဘနဲ့ အကိုဖြစ်သူတို့နဲ့အတူ ငါးဖမ်းအလုပ်ကိုလုပ်ရင်းကျောင်းတဖက်နဲ့ ရုန်းကန်ရပါတယ်။ အကြားအာရုံချို့ယွင်းနေတဲ့ မိသားစုမှာ သမီးငယ်လေး Ruby ကိုဘဲအားကိုးပီး သူတို့ရဲ့နေ့စဉ်ငါးဖမ်းလှေလေးနဲ့ အသက်မွေးဝမ်းကြောင်းပြုရတာပါ။ Ruby ရဲ့တနေ့တာကမနက် ၃နာရီကစတင်ရပါတယ်။ အဖေနဲ့အကို တိုနဲ့အတူလှေထွက် ငါးဖမ်းပီးမှကျောင်းသွားရပါတယ်။ တခါတလေ ငါးဖမ်းလှေပေါ်ကနေ အဝတ်မလဲဘဲ ကျောင်းသွားရင်ငါးနံ့ရတယ်ဆိုပီး အတန်းဖော်တွေကလှောင်ပြောင်မှုကိုခံရပါသေးတယ်။
ဂီတဆိုတာဘာမှန်းမသိတဲ့ အကြားအာရုံချို့တဲ့နေတဲ့မိသားစုမှာ Ruby ကတော့ထူးထူးခြားခြား သီချင်းအဆိုကောင်းသူတစ်ဦးဖြစ်နေပြန်တယ်။ သီချင်းအဆိုကောင်းတဲ့ Ruby ကိုကျောင်းက choir band ကဆရာဖြစ်သူ ကကူညီပေးပီး scholar ရဖို့ကြိုးစားပေးခဲ့ပါတယ်။ တကယ်တမ်း Ruby ဟာသူ့ဆရာရဲ့ home private session အတွက် နားမကြားတဲ့မိဘ နဲ့အကိုတို့အတွက် အလုပ်ကူလုပ်ပေးပြီး ပင်ပန်းစွာနဲ့ သင်ယူခဲ့ရတာပါ။ မိဘတွေအဖို့တော့ သီချင်းဆိုတာဘာမှန်းမသိ သမီးဖြစ်သူရဲ့အသံကိုမကြားနိုင် တဖက်ကလည်းသူတို့အသက်မွေးဝမ်းကြောင်းအတွက် Ruby ဟာတကယ်ကိုမရှိမဖြစ်ပေမယ့် သားသမီးရဲ့ အနာဂတ်တောက်ပဖို့ မိဘတွေရဲ့အနစ်နာခံပုံ သမီးတယောက်ရဲ့ ဒုက္ခိတ မိဘနဲ့အကို အပေါ်တာဝန်ကြေပုံတွေနဲ့ မိသားစုချစ်ခြင်းမေတ္တာကိုအပြည့်အဝဖော်ပြပေးနိုင်တဲ့ဇာတ်ကားကောင်းတကားပါ။ ဒီနှစ်ထဲလောလောဆယ် ထွက်ပီးသမျှ drama ကားတွေထဲမှာတော့ ဒီကားလေးကအကောင်းဆုံးပါဘဲ။ Ruby နေရာမှာ သရုပ်ဆောင်တဲ့ Emilia Jones ရဲ့သရုပ်ဆောင်ချက်တွေရော ရှယ်ပါဘဲ။ မကြည့်ရသေးသူတွေအတွက်ရော Drama ကားကောင်းကြိုက်သူတွေအတွက်ရော ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်။
