Free Guy (2021) PG-13
Genre: Comedy, Action, Adventure
Rotten Tomato: 80% (261 Reviews)
Audience Score: 94%
IMDb: 7.6 (56k as of 19th September 2021)
Guy ဆိုတဲ့ ဘဏ်စာရေးလေးနေတဲ့မြို့ Free City ဟာ Open-World Online Game တစ်ခုပါ။ Guy နှင့် သူ့ သူငယ်ချင်း Buddy အပါအ၀င် ဂိမ်းထဲက NPC (Non Player Character) များက မျက်မှန်တပ်လေ့မရှိကြပဲ Gamer များကသာ မျက်မှန်တပ်လေ့ရှိကြပါတယ်။ တစ်ရက် Guy လမ်းပေါ်မှာ Molotov Girl ဆိုတဲ့ Player မလေးတစ်ယောက်ကို မြင်မြင်ချင်းသဘောကျမိပြီးနောက် စကားလိုက်ပြောမယ်လုပ်တဲ့အခါ Buddy က မျက်မှန်တပ်တဲ့လူများဟာ မျက်မှန်မတပ် သူများကို အဖက်မလုပ်တာကြောင့် လက်လျှော့ဖို့ ဖြောင်းဖျပါတယ်။ နောက်တစ်ခေါက် Molotov Girl ကို ပြန်တွေ့တဲ့အခါ Guy ဟာ သူတို့ဘဏ်ကို ဓါးပြလာတိုက်တဲ့ Player တစ်ယောက်ဆီက မျက်မှန်ကိုလုပြီး တက်လိုက်တဲ့အခါမှာတော့ . . .
ဒီဇာတ်ကားဟာ COVID ကြောင့် တစ်နှစ်ကြာ ပြသရက်နောက်ဆုတ်ခဲ့ပြီး US မှာ August 13, 2021 တွင်ရုံတင်ကာ စုစုပေါင်း 279M ရရှိတာကြောင့် မင်းသား Ryan Reynolds ကို Disney မှ နောက်တစ်ကားထပ်ရိုက်ဖို့ ကမ်းလှမ်းထားပါတယ်။ Digital release date က September 28 ဖြစ်တာကြောင့် အဲဒီနေ့မှာ yts site မှာ WEBRIP တင်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာ sub ကို subscene မှာ ရှာဒေါင်းလို့ရပါတယ်။ Online game အကြောင်းရိုက်ထားတာဖြစ်ပြီး Fox/Disney က ဖြန့်တာမို့လို့ နာမည်ကြီး gamer များနဲ့ surprise cameo များလည်း အားဖြည့်ထားတာကြောင့် လူတိုင်းကြည့်သင့်တဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။
