ချစ်သူသစ်လေးနဲ့ ပျော်ရွှင်နေကြောင်း အသိပေးလာတဲ့ ပိုင်တံခွန်ရဲ့ ညီ ရှင်ဘုန်းပြည့်
သူကတော့ မကြာသေးခင်ကမှ ခင်မင်းခနဲ့ ဇာတ်လမ်းတွေကို ပြီးပြတ်ပြီဖြစ်ကြောင်း အသိပေးခဲ့တာပါ။ နှစ်ဘက်မိဘတွေရဲ့ ညှိနှိုင်းပေးမှုကြောင့် အဆင်ပြေသွားပြီဖြစ်ကြောင်း အသိပေးလာတာပါ။ သရုပ်ဆောင် ပိုင်တံခွန်ရဲ့ညီ ဖြစ်တဲ့အလျှောက် ပရိသတ်တွေက သူ့ရဲ့သတင်းတွေ ဝေဖန်နေတဲ့အပေါ်မှာလည်း ဂရုမစိုက်ကြောင်း ပြန်လည်မှတ်ချက်ပေးထားတာတွေ့ရပါတယ်။ ယခုလည်း ချစ်သူသစ်နဲ့ပျော်ရွှင်နေကြောင်း၊ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ ထပ်တူခံစားပေးပြီး အချစ်ဆိုတာ ဘယ်လိုလဲ ထုတ်ပြခဲ့လို့ အရမ်းချစ်ကြောင်း ချစ်သူမိန်းမိန်းလို့ သုံးနှုန်းကာပြောထားပါတယ်။
