''ဒီပွဲမှာ ကျွန်မက မတရားတဲ့သူပါ…
အနိုင်ရသူတစ်ဦး နဂိုကတည်းက ရှိပါလျက်နဲ့
နောက်တစ်ယောက်ကို ထပ်ပြိုင်ခိုင်းတာမျိုးပေါ့…
ကျွန်မကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်တဲ့အချိန်
ရောက်မလာပါစေနဲ့လို့ ဆုတောင်းရတော့မှာ''
ဘ၀မှာ ရုန်းထွက်ရအခက်ဆုံး ထဲမှာမှ အတိတ်ရဲ့ အရိပ်တွေ က အခက်ခဲဆုံးပါပဲ။ ဒါကလည်း ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့ မကြိုးစားမိတာလည်း ပါပါမယ် ။
အတိတ်ရဲ့ good memories ကို အနာဂတ်အထိ ယူဆောင်သွားချင်တယ် ။ နာကျင်မှုကို မေ့ဖျောက်ပြီး ပျော်ရွှင်စရာတွေ ကိုယ်ကိုယ်တိုင် ဖန်တီးရတာ တကယ်တော့ သိပ်ကို ခက်ခဲလွန်းလှပါတယ် ။
ဝေဝေမွန်ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ကတော့ အတိတ်ရဲ့ အရိပ်ထဲ ပိတ်မိနေပြီး ပစ္စုပ္ပန်နဲ့ လွန်ဆွဲနေပါတယ် ။ ငယ်စဉ်ဘ၀ကတည်းက ချစ်ရတဲ့ ချစ်ဦးသူက တစ်ဖက် ၊ လက်ရှိအချိန် ဘေးနားမှာ အတူတူ ရှိပေးသူက တစ်ဖက်နဲ့ ဝေခွဲမရတဲ့ အမျိုးသမီးလေးရဲ့ ဘ၀က ဘာဆက်ဖြစ်မလဲ ။
ဆရာမ ခေတ်ရှေးညိုရဲ့ လူကြိုက်များ အမေးများပြီး
မကြာခင် ရုပ်ရှင်ဇာတ်ကား ထွက်ရှိလာတော့မယ့် စာအုပ်ဖြစ်ပါတယ်။
#ဆာယာရုပ်ကြွင်း
#ခေတ်ရှေးညို
