ဂျာမန်လူမျိုး သိပ္ပံပညာရှင် Karl Schwartzschild ဟာ Einstein ရဲ့ general relativity ထဲက field equation ကို တွက်ထုတ်တော့ ၁၉၁၆ ဂျာမန်နဲ့ ရုရှားတဂျိန်းဂျိန်းချနေတဲ့ ပထမကမ္ဘာစစ်ဖြစ်နေတဲ့ စစ်မြေပြင်မှာ ၊ ဗုံးဆန်အမြောက်ဆန်တွေတစ်ဝုန်းဝုန်း ကြားထဲက ရှေ့တန်းစစ်မြေပြင်မှာ တွက်ခဲ့ရတယ်ဆိုတယ်။
Einstein က theorem ကိုထုတ်ခဲ့ပေမယ့် equationက တစ်ကြောင်းထဲမဟုတ်ပဲ အပြန်ပြန်အလှန်လှန်ရှိနေတဲ့ equation အကြောင်း ၂၀ လောက်ကို ပေါင်းရေးထားတာပါ။ ဒါကြောင့် သူ့ theoryကို နောက်မှ တစ်ခြားသူတွေကသက်သေပြချက်တွေနဲ့ မှန်ကန်ကြောင်း သက်သေပြခဲ့တာပါ။ ဒီလူတွေထဲမှာ နာမည်ကြီး "R.Oppenheimer" နဲ့ "Nathan Rosen" တို့လိုလူတွေလည်းပါပါတယ်။ "Schwartzschild" (ရှဝပ်ရှီစ်း လို့ အသံထွက်ပါတယ်။) သူက လည်း ဒီလိုလူတွေထဲကတစ်ယောက်ပါပဲ။
ဒီကနေ Schwartzschild ဟာ ဒီနေ့ blackhole တွေအကြောင်းပြောတိုင်းမှာ မပါရင် မပြီးတဲ့ Schwartzschild radius လို့ခေါ်ကြတဲ့ ( black hole အနားသတ်မျဉ်း) ကို တွက်ထုတ်နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင်တော့ ဒါဟာ event horizon ပါပဲ ။ဒီကို ကျော်ပြီးတာနဲ့ ဘယ်အရာကမှ Blackhole ထဲက ပြန်မထွက်နိုင်တော့ပါဘူး၊ အင်မတန်မှ မြန်ပါတယ်ဆိုတဲ့ အလင်းရဲ့အလျင်နဲ့တောင် ထွက်မရပါဘူး။
သူ့ Formula က rs=2GM/c² ပါ
(Rs က Schwartzschild radius
G က gravitational constant / 6.68*10-¹¹
Mကတော့ ကိုယ်တွက်မယ့် အရာရဲ့ Mass ထုထည်
C ကတော့ speed of light ပေါ့)
ဒီနေရာမှာ Einstein ရဲ့ General relativity ကပြောထားတာက အင်မတန်ကြီးမားတဲ့ ဒြပ်ထုတွေအနားမှာ spacetime လို့ခေါ်တဲ့ အချိန်နေရာဟာ ညွှတ်ကွေးပါတယ်။Planet တွေရဲ့ အရွယ်အစားကြီးလေလေ သူအနားမှာ ရှိနေမယ့် spacetime တွေကလည်း ညွတ်ကွေးလေလေပေါ့။Blackhole လိုနေပေါင်းသောင်းချီသန်းချီဒြပ်ထုပမာဏက point တစ်ခုထဲမှာရှိနေမယ့် အရာမျိုးအနားမှာဆို သူ့နားမှာ spacetime တွေက ပိုညွှတ်ကွေးနေတာဖြစ်နေမှာပါ။ဒါကို gravity လို့လည်းခေါ်လို့ရပါတယ် ။ ဒြပ်ထုများလေလေ သူရဲ့ center မှာ gravity များလေလေပါပဲ။
ဒီနေရာမှာ Schwartzschild radius formula အကြောင်းကဝင်လာပါတယ်။ဒီလိုကြီးမားတဲ့ gravity တွေကနေလွတ်ထွက်ဖို့ဆိုရင်ကော ဘယ်လောက်အလျင်လိုမလည်း ရယ် ? အဲ့လို လွတ်ထွက်ဖို့လိုမယ့် အကွာအဝေး တနည်းအားဖြင့် escape velocity နဲ့ radius က ဘယ်လောက်ဖြစ်မလည်းဆိုတာပါပဲ။
ကမ္ဘာရဲ့ဆွဲငင်အားကနေ လွတ်ထွက်ဖို့လိုတဲ့ အလျင်က 11.2 km/s ပါ။
Blackhole တွေရဲ့ Schwartzschild radius (or)event horizon မှာဆို ဒီ escape velocity က = c ပါ။ တစ်နည်းအားဖြင့်ဆိုရင် ဒီ radius ထဲဝင်သွားမိတာနဲ့အလင်းအလျင်နဲ့ကိုယ်က ရုန်းထွက်နေတောင် blackhole အထဲက မလွတ်နိုင်ဘူးဆိုပါတော့။အလင်းအလျင်ထက်ဘယ်အရာကမှ ပိုမမြန်တဲ့အတွက် ပြန်မထွက်လာနိုင်ဘူးဆိုပါတော့ ။
Blackhole ထဲဝင်ပြီးရင် ပြန်မထွက်လာနိုင်ဘူးဆိုတာ ဒီ radius ထဲကိုယ်ဝင်သွားမိတဲ့ အချိန်ကိုပြောတာပါ ကျန်တဲ့ accretion disk လိုနေရာမျိုး မှာတော့ interstaller ထဲက cooper တို့လိုမျိုးပြန်ထွက်လာနိုင်ပါသေးတယ်။
✨နေဟာ blackhole ဖြစ်နိုင်လား?
နေ ဟာ အချင်း3km တစ်နည်းမြို့သေးသေးတစ်မြို့လောက်အထိ ဒီထုထည်အတိုင်းကိုအရွယ်အစားကျုံသွားမယ်ဆိုရင် mini blackhole ဖြစ်လာနိုင်ပါတယ် Schwartzschild radius က blackhole ဖြစ်ဖို့ ကျုံသွားရမယ့် အရွယ်အစားပမာဏကိုတွက်တာဖြစ်ပါတယ်။
(နေ က blackhole မဖြစ်သွားနိုင်တဲ့ တစ်ခြားအကြောင်းတွေရှိပါတယ် အရင်ဆုံး သူ့ရဲ့ဒြပ်ထုက အခုရှိနေတာထက် ဆယ်ဆလောက်ကြီးမှသာ ဖြစ်နိုင်ပါတယ် ။ဒီမှာ Schwartzschild radius အကြောင်းကိုပဲပြောချင်တာမလို့ သူ့အတိုင်းစဉ်းစားရင် blackhole သေးသေးလေးဖြစ်လာနိုင်တယ်ပေါ့ physically ကတော့ မဖြစ်နိုင်ပါဘူး။)
