20 w - Translate

Disquiet (2023)
-------------------

(ဇတ်ကားသစ်)

ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖိုကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖိုကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လိုဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တိုကိုတားဆီးဖိုဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တိုအဖွဲအသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။

image