20 ပတ် - ဘာသာပြန်ပါ။

“မိဘအတွက်ကုသိုလ်ကောင်းမှုလုပ်ပါက”
ဖြေ။ ။တော်တော်များများရှိကြတယ်မြန်မာနိုင်ငံမှာ။တချို့သားသမီးတွေကရန်ကုန်မှာလာပြီးအလုပ်လုပ်ကြတယ်။မိဘတွေကနယ်မှာ။အဲတော့သားသမီးတွေကသူတို့ရတဲ့လခလေးတွေနဲ့အမေအတွက်အဖေအတွက်ဆိုပြီးတော့ကုသိုလ်လာလုပ်ကြတယ်။တောမှာနေတဲ့မိဘတွေကအဲ့ဒါကိုဘာမှမသိဘူး။အဲ့ဒါဆိုဘယ်လိုမှမရနိုင်ဘူးလေ။မိဘကိုဦးတည်ပြီးဦးထိပ်ထားပြီးတော့လုပ်ပေမယ့်လည်းမိဘကမရဘူး။မိဘကိုရစေချင်ရင်ဘာလုပ်ရမလဲဆိုတော့ပြန်ပြောပြဖို့လိုတယ်။အမေရေအဖေရေသမီးကတော့သားကတော့ဒီနေ့ဘာကုသိုလ်တွေလုပ်ဖြစ်တယ်။အမေတို့ဝမ်းသာနော်သာဓုခေါ်နော်ဆိုပြီးပြန်ပြောပြဖို့လိုတယ်။အဲ့ဒါမှသူတို့လည်းကုသိုလ်ရမှာပါ။
မနက်ကဟောတဲ့တရားမှာလည်းပါတယ်လေ။သီလရှိတဲ့သူငယ်ချင်းကသီလမရှိတဲ့သူငယ်ချင်းကိုသူ့သီလရဲ့ကုသိုလ်ကောင်းမှုအဖို့ဘာဂကိုအမျှဝေပေးတာ။ဒီသဘောလုပ်ဖို့လိုပါတယ်။အဲ့လိုမလုပ်ဘဲနဲ့ကြိုက်သလောက်ခေါင်းစဉ်တပ်ကဗျည်းကြိုက်သလောက်ထိုး။အမေ့ကဗျည်းထိုးအဖေ့ကဗျည်းထိုးကုသိုလ်မရပါဘူး။ကဗျည်းထိုးရုံနဲ့ကုသိုလ်မရပါဘူး။အမေတို့အဖေတို့ကသိပြီးတော့ဝမ်းသာမှသာဒီကုသိုလ်ကိုထပ်တူထပ်မျှရမှာပါ။ဒါကြောင့်သားသမီးတွေအနေနဲ့ဆွေမျိုးတွေအနေနဲ့မိမိရစေချင်တဲ့ပုဂ္ဂိုလ်တွေကိုကုသိုလ်ပေးမယ်ဆိုလို့ရှိရင်အမျှဝေပေးပါလို့၊သူတို့ကိုသိအောင်ပြောပေးပါလို့နော်။
အရှင်အဘယာလင်္ကာရ(မဟာဝိဟာရလှည်းကူး)

image