20 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တာချီလိတ်နှင့် မယ်ဆိုင်အကြား မိုးရွာသွန်းမှုများပြား၊ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နှင့်မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းအတွင်း တောင်ကျရေကြောင့် ရေများပြန်လည်တက်လာကြောင်း ဧပြီ ၂၉ ရက်တွင် ဒေသတွင်းသတင်းများအရ သိရသည်။
ဧပြီ၂၇ ရက်ညပိုင်းတွင် တာချီလိတ်အထက်ပိုင်း မိုင်းဆတ်ခရိုင် အတွင်း မိုးရွာသွန်းမှုနှင့် ဧပြီ ၂၈ ရက်ညပိုင်း တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့်တောင်ကျရေမှာ မယ်ဆိုင်ချောင်းအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ချောင်းရေမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကျချောင်း ရေသည်တာချီလိတ်မြို့တွင်း၌လည်း ရေများအလွယ်တကူ မစီးဆင်းနိုင်ခြင်းကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေများလျင်မြန်စွာတက်လျက်ရှိသောကြောင့် ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းတွင် မကာဟိုခမ်းရပ်ကွက်အတွင်း မေဖလားဝါးကွင်း အဝင်ဝန်းကျင်နှင့်ပုန်ထွန်းရပ်ကွက်အတွင်း၌လည်း ရေများတက်နေကြောင်း သိရသည်။
ဓာတ်ပုံ - Khaosod

image