22 hrs - Translate

#ပြည်တွင်းသတင်း
◼ စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့မှ ရွှေတံဆိပ်လေးခု ဆွတ်ခူးရရှိ
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နှင့် ၂၅ တို့တွင် Singapore SportsHub ၌ ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်လေးခု ဆွတ်ခူးနိုင်ခဲ့ကြောင်း အဆိုပါ အသင်းထံမှသိရသည်။
ဧပြီ ၂၄ ရက် ပွဲစဉ်များတွင်ပါဝင်ယှဉ်ပြိုင်ကြသော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုး မှ ရွှေတံဆိပ်အား ၄၇.၃၈ မီတာဖြင့်လည်းကောင်း၊ အမျိုးသမီး ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် မှ ရွှေတံဆိပ်အား (၅၉:၁၅.၆၀)ဖြင့်လည်းကောင်း၊အမျိုးသား ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင် မှ ရွှေတံဆိပ်အား (၅၀:၃၆.၁၁)ဖြင့်လည်း‌ကောင်း၊ (၂၅)ရက်ပွဲစဉ်၌ ‌အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် မြန်မာတာလတ်အပြေးသမား ဟိန်းထက်အောင်က (၁:၅၀:၅၉ ) ဖြင့် ပထမရွေတံဆိပ်တစ်ခုကိုထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။

image