အင်္ဂါဂြိုလ်ပေါ်မှာ ရေအရင်းမြစ်ရှိမရှိလေ့လာနေ တဲ့ Curiosity ယာဉ်ငယ်လေး အပြင် နောက်ထပ် "𝗣𝗲𝗿𝘀𝗲𝘃𝗲𝗿𝗮𝗻𝗰𝗲" ဆိုတဲ့အလားတူ Sister ယာဉ်ငယ်လေးတစ်စီးရှိပါသေးတယ်။
သူကိုတော့ ၂၀၂၀ ခုနှစ် July 30 ကနေ လွှတ်တင်ခဲ့ပြီးတော့ ကိုးလအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အင်္ဂါဂြိုလ်ပေါ်ကို ရောက်ရှိပြီးစူးစမ်းလေ့လာရေး Mission တွေ စတင်တာဝန်ထမ်းဆောင်ပါတယ်။
Curiosity နဲ့ Perseverance က body တည်ဆောက်ပုံခြင်းမှာဆင်ပေမယ့် Perseverance မှာသုံးထားတဲ့ instrument တွေက Curiosity ထက်ကို ပိုပြီးတော့ အဆင့်မြင့်ပါတယ်။နောက်ပြီး သူရဲ့ ဘီး wheels တွေက Curiosity မှာတုန်းက ကြုံခဲ့ရတဲ့ Mars မြေဆီလွှာကြောင့်မြန်မြန်ပျက်စီးတာမျိူးမဖြစ်အောင်ပို အကြမ်းခံအောင် အဆင့်မြင့်ထားတာမို့ တော်တော် advance ဖြစ်တဲ့ ယာဉ်ငယ်လေးဖြစ်ပါတယ်။
Curiosity ထက်ပိုအဆင့်မြင့်သွားတာက သူ့မှာ MOXIE နဲ့ SHERLOC လိုမျိုးနောက်ဆုံးပေါ် မားစ်ဂြိုလ်ပေါ်မှာ အောက်ဆီဂျင်ထုတ်ဖို့ စမ်းသပ်နိုင်တဲ့ ကိရိယာတွေ၊နောက် mars ပေါ်ထပ်သွားမယ့် mission တွေမှာ ကမ္ဘာပေါ်ကို ပြန်ပြီးတော့ organic life ခေါ်တဲ့ သက်ရှိရှိမရှိ sample တွေကို ကောက်ယူမယ့် ကိရိယာတွေ Curiosity ထက်ပိုကောင်းတဲ့ စက်ရုပ်လက်တံတွေပါပါတယ်။
နောက်ပြီး သူ့မှာ Ingenuity လို့ခေါ်တဲ့ Mars ပေါ်မှာ ပျံနိုင်မယ့် Drone helicopter အသေးလေးတစ်ခုလည်းပါပါသေးတယ် 2 ခါသုံးခါ ပျံနိုင်ဖို့ ရည်ရွယ်ထားပေမယ့် 72 ခါတောင်ပျံနိုင်ခဲ့ပါတယ်။ စိတ်မကောင်းစရာက ဒီယာဉ်ပျံလေးက ၂၀၂၄ မှာ တောင်ပံတစ်ချပ်ကျိူးသွားတာမို့ ဆက်လက်မပျံသန်းနိုင်တော့ပါဘူး။
Curiosity က Gale crater မှာရှိနေပြီး ရေအရင်းအမြစ်ရှာတဲ့ mission တွေလုပ်နေပေမယ့် အခု Perseverance ယာဉ်ကတော့ organic life တွေရှိလောက်မယ့်နေရာဖြစ်တဲ့ Jezero crater မှာ အဓိကထားလေ့လာနေမှာဖြစ်ပါတယ်။ သူတို့က အင်္ဂါဂြိုလ်ရဲ့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းဖြစ်ပါတယ်။နောက်ပြီး perseverance မှာ ထူးခြားတဲ့ အရာအနေနဲ့ ကမ္ဘာက လူ၁၀သန်းရဲ့ လေဆာနာမည်စာလုံးထွင်းတွေ နဲ့ အင်္ဂါဂြိုလ်ပေါ်မှာရှိမယ့် Rover အကုန်လုံးရဲ့ Family photo လည်းပါပါသေးတယ်။
နောက်ပြီး NASA ရဲ့ JPL facility မှာလည်း Perseverance နဲ့ ပုံစံတူနောက်ထပ်ယာဉ်တစ်စီးရှိပါသေးတယ်။ကျသင့်ငွေ 2 Billionကျော်ကျော်ရှိပေမယ့် Curiosity ထက်ပိုပြီးသက်သာတဲ့ Rover လေးဖြစ်ပါတယ်။



