1 d - Translate

ညာမောင်းနိုင်ငံဖြစ်လျက် ထိုင်းမှာဘာ့ကြောင့် Toyota Crown ကို အစီးနည်းကြသလဲဆိုတာ ကျွန်တော်အပါအဝင် အားလုံးလည်းသိချင်ကြမယ်ထင်တယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံက ကားအရောင်း/အဝယ် group တွေထဲဝင်ပြီး ရှာကြည့်ပြန်တော့လည်း ဂျာမနီက Autobahn သွားပြီး Hijet ကိုရှာနေရသလိုပဲ Crown ကို ရောင်းထားတာ မရှိသလောက်ကိုရှားပါတယ်။
အောက်ကပုံထဲမှာတွေ့ရတာကတော့ ထိုင်းမှာရှားရှားပါးပါးရောင်းတာတွေ့ထားတဲ့ 2014 မော်ဒယ် S210 Crown Athlete ပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီမော်ဒယ်တွေစီးကြပါသေးတယ်။ ဆိုတော့ ဒီကားကို ထိုင်းမှာရောင်းထားတဲ့စျေးက ဘတ် ၁.၄ သန်းရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း (၁၈၀၀) ကျော်ကျော်လောက်ဆိုတော့ ကျွန်တော်တို့ဆီမှာထက်တော့ စျေးကတစ်ဝက်နီးပါးလောက်ပိုချိုတယ်ပေါ့လေ။
သို့ပေမယ့်လို့ အပေါ်က 2015 မော်ဒယ် W222 ကို Maybach Facelift ချိန်ထားတဲ့ကောင်ကိုတော့ ဘတ် ၉ သိန်းခွဲတည်းနဲ့ ရောင်းထားတာပါ။ တစ်ချို့ W223 used တွေ ကီလိုတစ်သိန်းကျော်လောက်ဆိုရင်တောင် စျေးက ဘတ် ၁ သန်းခွဲနဲ့ ၂ သန်းပတ်ချာလည်လောက်မှာ ရောင်းထားတာမျိုးတွေရှိပါတယ်။ ဒါတင်မဟုတ်ပါဘူး။ W124 ကို ဘတ်တစ်သိန်းလောက်နဲ့ ပေါပေါလောလောရနေချိန် Crown Jelly ရဲ့စျေးက ဘတ် ၃ သိန်းလောက်အထိတောင်ရှိသလို ကားလည်းအတော်လေးရှားပါတယ်။
လက်တွေ့ကျကျပြောရရင် Crown ဆိုတာကလည်း Limited Edition ကားတွေလို အရမ်းကြီးရှားပါးနေတဲ့ ကားမျိုးမဟုတ်ဘဲ ဂျပန်မှာဆို Common ကားတစ်စီးသာသာပါပဲ။ ဒါဆိုဘာ့ကြောင့်များ ထိုင်းမှာအတော်လေးရှားပြီး F-Segment ကားတွေထက်တောင် စျေးပိုပေးနေရသလဲ? JDM Exclusivity ဖြစ်လို့ စျေးပိုကြီးနေရတယ်ပြောရအောင်လည်း ဘာလို့ အခြား JDM ကားတွေထက် ထူးထူးခြားခြားစျေးပိုများနေရသလဲ? ဒီနေရာမှာဖြစ်နိုင်ခြေရှိတာတွေက ထိုင်းနိုင်ငံရဲ့ Import Tax များနေတာ ဖြစ်နိုင်သလို၊ Toyota Thailand အနေနဲ့ Camry တို့ Corolla တို့လို့ Official Sale တရားဝင်ရောင်းချခြင်းမရှိတာလည်းပါမယ်လို့ ယူဆရပါတယ်။
နောက်ထပ်တစ်ချက်ကတော့ "မရှိလို့ မလှူ၊ မလှူလို့ မရှိ" ဆိုသလို "စျေးကြီးလို့ မဝယ်၊ မဝယ်လို့ စျေးကြီး" ဆိုတာမျိုးများ ဖြစ်နေမလားပေါ့? ရိုးရိုးလေးပဲ စဥ်းစားကြည့်ရအောင်။ အကယ်၍ မိတ်ဆွေသာဆိုရင်ရော အောက်ကပုံထဲက W222 Maybach Facelift ချိန်ထားတဲ့ကောင်နဲ့ S210 Crown Athlete ဘယ်ကောင်ကို ပိုရွေးမိမလဲသိပါရစေ။

image