Back Cover လဲမရတော့ပေမယ့် ပိုမိုက်သွားပြီ 👀
.
Nothing ကနေ အခုပဲ CMF Brand အနေနဲ့ ဒုတိယမြောက်ဖုန်း - CMF Phone 2 Pro ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အခု CMF Phone 2 Pro က အရှေ့က CMF Phone 1 လိုမျိုး Modular - ဖြုတ်တပ်နိုင်၊ Upgrade လုပ်နိုင်တာပေမယ့် ပုံစံတော့ သိပ်မတူတော့ဘူး။
ဘာကြောင့်လဲဆိုတော့ CMF Phone 1 လိုမျိုး Back Cover ကို Phone 2 Pro မှာ ဖြုတ်လဲလို့မရတော့ဘူး၊ အဲ့အစား Accessories တွေတပ်ချင်ရင် Phone Case တစ်ခုပါ ထပ်တပ်ရတော့မယ် - အဲ့အပေါ်မှာမှ Main Camera Lens ကို Fisheye Lens နဲ့ Macro Lens တွေကို Magnetic အနေနဲ့ ကပ်သုံးတာမျိုး၊ Kickstand အနေနဲ့ သုံးနိုင်တဲ့ Card Holder တွေတပ်လို့ရမယ်။ CMF Phone 1 မှာသုံးနိုင်တာကို Phone 2 Pro မှာ ပြန်သုံးနိုင်မှာဆိုလို့ Landyard ကြိုးတပ်လို့ရတာပဲရှိတော့မှာပါ။
Specs တွေအနေနဲ့ကတော့ CMF Phone 2 Pro က MediaTek Dimension 7300 Pro Chipset | RAM 8GB နဲ့ 128GB (သို့) 256GB Storage တွေရွေးလို့ရမယ်။ Display က 6.67" FHD+ 120Hz AMOLED Display ဖြစ်သွားမယ် - ပိုကောင်းသွားတာက Peak Brightness ကို 3000nits အထိရမယ်။ Battery ကလည်း အတူတူ - 5000mAh ကို 33W Charging နဲ့ပဲ။
သိသိသာသာ Upgrade ဖြစ်လာတာဆိုရင် Camera ပိုင်း - 50MP Main Camera က Sensor Size ပိုကြီးလာမယ်၊ အဲ့အပြင် 50MP 2x Telephoto Camera ရော 8MP Ultrawide Camera တွေပါ ထည့်ပေးထားတာဆိုတော့ Nothing Phone (3a) နီးပါးကို ကင်မရာကို ဦးစားပေးထားတယ်။ Selfie Camera ကတော့ 16MP Camera ပဲဖြစ်ဦးမယ်။
တခြားနည်းနည်း Upgrade ဖြစ်တာတွေဆိုရင် Phone (3a) Series လိုမျိုး Essential Space ကို တန်းသုံးလို့ရမယ့် Essential Key ခလုတ်ပါလာပြီ။ အထူက 7.8mm နဲ့ အလေးချိန်က 185g ရှိမယ်။ Back Cover ကို ဖြုတ်လို့မရတော့တာကြောင့် IP52 Rating ကနေ အခု IP54 Rating ဖြစ်လာပြီ (ဒါပေမယ့် IP67/68 Rating လောက်မှပဲ ရေစိမ်ခံနိုင်မှာဆိုတော့ သိပ်တော့မထူးဘူး)
Software ပိုင်းမှာဆိုရင် Nothing OS 3 နဲ့လာမယ် - Major OS Update ကို ၃ ခုအထိ ပေးသွားမယ်။ စျေးနှုန်းကတော့ Europe မှာ 128GB ကို £219 နဲ့ ရောင်းမယ်၊ US မှာကတော့ Beta Program အနေနဲ့ 256GB အမျိုးအစားကိုပဲ $279 နဲ့ ရောင်းသွားမယ်လို့ သိရတယ်။
ဆိုတော့ ပို Sleek ဖြစ်၊ ပိုလှသွားပေမယ့် Back Cover ဖြုတ်မရတော့ဘူးဆိုတော့ CMF Phone 1 မှာ စခဲ့တဲ့ Trend က အခု 2nd Generation မှာ ပြန်ပြီး တစ်ဆင့်လျော့သွားပြန်တာလားပေါ့ 🫠
