ယူကရိန်းသို ဗြိတိန်မှတပ်ဖွဲများစေလွှတ်မည့် အစီအစဉ် ဖျက်သိမ်းမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

သမ္မတပူတင်နှင့် စတိဝှစ်ကော့တို့သည် မော်စကိုမြို့တော်၌ ဧပြီလ ၂၅ ရက် တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ဆွေးနွေးမှုသည် သုံးနာရီကြာမြင့်ခဲ့သည်။

ပူတင်နှင့် စတိဝှစ်ကော့တို့၏ ဆွေးနွေးပြောဆိုမှုသည် ချစ်ကြည်ရင်းနှီးမှုရှိပြီး ရုရှားနှင့်အမေရိကန်တို့အနေဖြင့် ယူကရိန်းအစိုးရ ပါဝင်ခြင်းမရှိဘဲ ယူကရိန်းပဋိပက္ခကို အပြီးသတ်ရပ်တန့်စေရန်လုပ်ဆောင်နိုင်ကြောင်းကိုလည်း ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကိုမသိရသေးသော်လည်း ပူတင်နှင့်စတိဝှစ်ကော့ တို့၏တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်မှု ရှိကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတ ပူတင်၏ အကြံပေးတစ်ဦးဖြစ်သူ ယူရီအူရှာနော့ဗ် က ပြောကြားထားသည်။

ထို့ပြင် ပူတင်နှင့် စတိဝှစ်ကော့တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ရုရှားနှင့် အမေရိကန်နှစ်နိုင်ငံကြား ပိုမိုနီးစပ် စေခဲ့ပြီး ရုရှားနှင့်ယူကရိန်းတို့ကြား တိုက်ရိုက်ဆွေးနွေးပွဲများ ကျင်းပစေရန်အတွက်လည်း လမ်းခင်းပေး နိုင်ခဲ့သည်။

သမ္မတပူတင်နှင့် စတိဝှစ်ကော့တို့ကြား ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအပေါ် များစွာကျေနပ်မှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ပိုင်းတွင် ပြောကြားခဲ့ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image