ကျွန်တော် အခုလို ကြည်ကြည်လင်လင်နဲ့
မေတ္တာစိတ်တွေ ဘာတွေ ထားမိတော့လဲ
❛ ကျွန်တော်ဟာ အလျင်ကလဲ ပျော်ခဲ့သားပဲ။
အခုလဲ ပျော်နေသားပဲ ❜
ဆိုတာကို သတိရလိုက်မိပါတယ်။
အားလုံးပြည့်စုံသွားအောင်
ကျွန်တော့်အဖို့လဲ တစ်ယောက်တည်း
အခုလောက်ပျင်းမနေရအောင် ဆိုရင်
ကျွန်တော့်ကိုစီရင်မယ့်နေ့ကျတော့
လာကြည့်ကြတဲ့လူတွေဟာ
ဧရာမ လူအုပ်ကြီးဖြစ်ပြီး
ကျွန်တော့်ကိုလဲ အားရပါးရ
အော်ဟစ်ဆဲရေးပြီး နှုတ်ဆက်ကြပါစေလို့
ဆုတောင်းရုံပဲ ရှိပါတော့တယ်။
❝ အမေ ဒီကနေ့ ဆုံးတယ်
မနေ့က ဆုံးတာ ဖြစ်ချင်လဲ ဖြစ်မယ်။
အသေအချာ မပြောနိုင်ဘူး ❞ ဆိုတဲ့
အပိုင်းအစတစ်ခုနဲ့
ဝတ္ထုကြီးတစ်ခုလုံးကို အစပြုထားတယ် ။
× × × × × × × ×
▫️ထင်လင်း▫️
▪️စည်းအပြင်ကလူ▪️
