၂၀၁၀ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုကြောင့် တစ်နိုင်ငံလုံးရဲ့ ငါးပုံတစ်ပုံကျော် ရေနစ်မြုပ်ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ် အဲ့ဒီ အချိန် ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်
ရေတွေ မြင့်တက်လာပြီး ရက်သတ္တပတ်များစွာ မရွေ့မလျားဘဲ ရှိနေချိန်မှာ ပင့်ကူ နဲ့ အင်းဆက်ပိုးမွှားများစွာဟာ ရေမှလွတ်ရန် အပင်တွေပေါ်တက်ရောက်နေထိုင်ခဲ့ကြပါတယ် အဲ့ဒီ ပင့်ကူတွေဟာ သူတိုရဲ့ ပင်ကူမျှင်တွေနဲ့ အပင်တစ်ခုလုံးကို ဝိုင်းရံထားကြပြီး အံ့ဩစရာကောင်းတဲ့ မြင်ကွင်းအဖြစ်ရှိနေပါတယ်
အဲ့ဒီမြင်ကွင်းဟာ ထူးဆန်ပေမဲ့လည်း အံ့ဩစရာ အကျိုးကျေးဇူးတစ်ခု ရှိခဲ့ပါတယ် ထူထဲတဲ့ ပင့်ကူအိမ်မျှင်တွေဟာ ခြင်များစွာကို ဖမ်းမိစေခဲ့ပြီး ရေဝပ်နေတဲ့ ဒေသတွေမှာ ငှက်ဖျားရောဂါ ပြန့်ပွားမှုကို လျော့ကျစေနိုင်ခဲ့ပါတယ် ဒီဖြစ်စဉ်ဟာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်မှာ သဘာဝက လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပေးနိုင်ပုံနဲ့ တစ်ခါတစ်ရံမှာ သဘာဝကနေ မထင်မှတ်ထားတဲ့ အကူအညီများ ရရှိနိုင်ကြောင်း ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ
