လွန်ခဲ့တဲ့တစ်ရက်လောက်ကပဲ BMW ဘက်ကနေ track နဲ့ cup racing တွေမှာသုံးဖို့ သီးသန့်ထုတ်ထားတဲ့ entry-level race car တစ်စီးကို မိတ်ဆက်ခဲ့ပါတယ်။ New M2 Racing ကားပါ။ ပြဿနာကဒီမှာစပါတယ်။ M2 Race Car ဆိုလို့ ဒီကောင့်ရဲ့အင်ဂျင်က G87 ရဲ့ S58 နဲ့ B58 တို့ဖြစ်လိမ့်မယ် မထင်ပါနဲ့။ BMW 2 Series Gran Coupe ဆီကယူသုံးထားတဲ့ 2.0L B48 turbo-four အင်ဂျင်ကိုပဲ tuning ဘာညာလုပ်ပြီး မုန့်ဟင်းခါးမှာတာကို အုန်းနို့ခေါက်ဆွဲလာချတဲ့ ပုံစံလုပ်သွားတယ်ပေါ့လေ။ Total Output 313 Hp နှင့် 309 lb-ft of torque ထွက်သည့်တိုင် M240i လိုကောင်မျိုးမှာတောင် 3.0L i6 B58 နဲ့လာပြီး ဒီ M2 Race Car ကျမှ ဆလင်ဒါ (၄) လုံးဖြစ်သွားရလေခြင်းဆိုပြီး "မင်းတို့က အပြင်ပိုင်းအမြင်တွေ ကောင်းအောင်လုပ်၊ အလေးချိန်တွေနည်းအောင်လုပ်ပြီး အဓိကအစိတ်အပိုင်းကျမှ ဝိတ်လျှော့ပြစ်တယ်", "Race Car တစ်စီးလုပ်နေပြီး M240i ထက် မြင်းကောင်ရေနည်းတာကြီးကတော့ အဓိပ္ပါယ်မရှိပါဘူးကွာ", "Road Car တစ်စီးမှာတောင် 8-speed နဲ့လာပြီး Race Car ကျမှ ဘာလို့ ZF 7-speed Auto ကြီး ဖြစ်သွားရတာလဲ" စသည်ဖြင့် BMW ဖန်တွေ အတော်လေးပွဲဆူနေကြတယ်ပေါ့လေ။
ဒါဆို မေးခွန်းထုတ်စရာရှိတာက ဒီ New M2 Racing ကားက downgrade လားပေါ့? ပွင့်ပွင့်လင်းလင်းပြောရရင်တော့လည်း ကားတစ်စီးမှာ Powertrain တစ်မျိုးတည်းကိုသာကြည့်ပြီး ဆုံးဖြတ်လို့ကမရပြန်ဘူးဗျ။ လက်ရှိခေတ်ကာလအနေအထားတွေ၊ တင်းကျပ်လာတဲ့ regulation တွေအရကြည့်ပြန်ရင်လည်း F1 မှာတောင် V10s တွေကနေ Hybrid V6 ဘက်ပြောင်းလဲလာရတာပါပဲ။
ဒါဆို S58 မဟုတ်တောင် ဘာ့ကြောင့်များ B58 လောက်မသုံးပေးရသလဲ? တစ်လုံးတည်းဖြေရရင် class regulations ဆိုတဲ့ ဘူတာသာ ပြန်စိုက်ပါတယ်။ BMW ဘက်ကတော့ cost efficiency နဲ့ reliability အတွက်အားစိုက်ထားတာကြောင့်လို့ပြောထားသလို ကောင်းတဲ့ဘက်ကစဥ်းစားကြည့်ရင်တော့လည်း manufacture တွေဆီကနေ တိုက်ရိုက်ဝင်ပြိုင်ရတာမဟုတ်တဲ့ privateer teams တွေအတွက် အနည်းနဲ့အများဆိုသလို ကုန်ကျစရိတ်တွေလျှော့ချနိုင်တာမျိုးတွေတော့ ရှိလာနိုင်တယ်ပေါ့လေ။ Anyway, လက်တွေ့ကျကျစဥ်းစားကြည့်ပြန်ရင်လည်း ကနေ့ခေတ် Race Series တော်တော်များများမှာ competitive ဖြစ်ဖို့အတွက် ~300 Hp ဆိုတဲ့ power caps ကလည်းရှိနေလေတော့ i6 ရဲ့ မြင်းကောင်ရေ (၄၀၀) ကျော်နဲ့ အံဝင်ခွင်ကျဖြစ်မနေတာမျိုးတွေ ရှိလာပါတယ်။ မြင်သာအောင်ပြောရရင် RTX 5090 Graphic Card ကြီးထိုးပြီး Frame rate ကို 30 FPS မှာ locked လုပ်ထားသလို ဖြစ်နေမှာပါ။
Powertrain အကြောင်းလည်းပြောပြီးပြီဆိုတော့ ဆက်လက်ပြီး ဒီ New M2 Racing ကားမှာ ဘာပြောင်းလဲမှုတွေလုပ်ပေးထားသလဲဆိုတာကို စာနဲ့ရေးရင် အရမ်းရှည်သွားတော့မှာမို့ list လေးနဲ့ပဲ ဖော်ပြပေးလိုက်ပါတယ်။
◼ Mechanical limited-slip diff with its own cooler
◼ Non-adjustable but beefy KW dampers
◼ Fully welded FIA-spec roll cage
◼ BMW M compound brakes
◼ Lightweight roof, front splitter, fog light, pit speed limiter
◼ Standard Alpine White paint
◼ Optional rear wing, ballast boxes, endurance brake pads, air jack, carbon racing seats
ဆက်လက်ပြီး အားလုံးစိတ်ဝင်စားကြမယ့် ဒီကောင့်ရဲ့ စျေးပါ။ MSRP €98,000 လောက်ကျမယ်ဆိုတော့ ဒီနေ့ငွေစျေးနဲ့တွက်ရင် ဒေါ်လာတစ်သိန်းတစ်သောင်းကျော်ပါတယ်။ ဒီပမာဏက နည်းတော့မနည်းလှသလို၊ ဆလင်ဒါလေးလုံးနဲ့ Race Car တစ်စီးကို အဲ့လောက်ပေးရတာ မတန်ဘူးကွာဆိုပြီးလည်း ပြောနိုင်ပါတယ်။ သို့ပေမယ့် GT3 ထက် အများကြီးသက်သာနေတာရယ်၊ Easy to maintain, Cheaper to run ဖြစ်တဲ့ factory-build race car တစ်စီးအတွက်ကျ များတယ်လို့လည်း ပြောလို့မရပြန်ဘူး။
မည်သို့ပင်ဆိုစေကာမူ အကယ်၍မိတ်ဆွေက နောင်ငါးနှစ်လောက်အထိသုံးဖို့ Race Car တစ်စီးဝယ်တော့မယ်ဆိုပါစို့။ 600 Hp လောက်ထွက်ပြီး lap 4 လောက်မှာ overheating ဖြစ်နေမယ့်ကားတစ်စီးကိုရွေးမလား? ပေါ့ပေါ့ပါးပါးနဲ့ balance ဖြစ်ဖြစ်၊ easy-to-maintain လုပ်လို့ရမယ့်ကားတစ်စီးကို ရွေးဖြစ်မလားဆိုတဲ့မေးခွန်းကိုပါ ထည့်သွင်းစဥ်းစားဖို့လိုလိမ့်မယ် ထင်ပါရဲ့။
