ပထမဆုံးအပတ်မှာတင် Download လုပ်သူ 7 မီလီယံအထိ ရှိလာတဲ့ Instagram Edits
App ထွက်ရှိပြီး ပထမနှစ်ရက်အတွင်းမှာတင် မှာ Apple Store မှာ 702,900 ခန့် ဒေါင်းလုဒ်လုပ်ပြီးဖြစ်ပါတယ်။ ဒါဟာ CapCut ရဲ့ ပထမနှစ်ရက် ဒေါင်းလုဒ်အရေအတွက်ထက် 37 ဆ ပိုများတယ်လို့ App data စစ်တမ်းကောက်ယူသူ Appfigures က ဆိုပါတယ်။ US တစ်ခုတည်းမှာတင် ပထမ ၃ ရက်အတွင်း ၃ သိန်းခွဲကျော် ဒေါင်းလုဒ်အရေအတွက်ရှိခဲ့တာပါ။ မိတ်ဆက်ခဲ့တဲ့ ပထမဆုံးရက်မှာတင် US App Store မှာ Top 1 ရရှိခဲ့တာပဲဖြစ်ပါတယ်။
