တရုတ်ကနေ အိန္ဒိယပြောင်းပြီး iPhone ထုတ်မယ့် Apple
လာမယ့် ၂၀၂၆ အကုန်မှာ Apple က အမေရိကန်ကို ရောင်းမယ့် iPhone တွေကို တရုတ်ကနေ အိန္ဒိယမှာ ပြောင်းထုတ်ဖို့ ကြံနေပါတယ်။
သမ္မတထရမ့်ရဲ့ တရုတ်ပေါ် အခွန်တိုးကောက်လာတဲ့ စရိတ်တွေ ကာမိအောင်ပါ။ တရုတ်က ဝင်တဲ့ကုန်ပစ္စည်းတွေကို ထရမ့်က ရှယ်ပလန်နဲ့ အခွန်တိုးကောက်မယ်ဆိုကတည်းက Apple လည်း အိပ်မပျော်စားမဝင်တွေ ဖြစ်နေတာပါ။
နောက်တော့ စမတ်ဖုန်းတွေ ၁၄၅% အမြင့်ဆုံးအခွန်သစ် ရှောင်ရှားနိုင်ခဲ့ပေမယ့် ၂၀% အခွန်တော့ ရှိနေမှာပါ။ ဒါလည်း စိတ်မချရသေးတဲ့အခြေအနေ ဖြစ်ပြီး အချိန်မရွေး အခွန်တိုးကောက်တာတွေ ရှိလာနိုင်ပါတယ်။
ပြဿနာကို တကယ်ပိုက်ထားရမှာက Apple ပါ။ အမေရိကန်မှာ ရောင်းတဲ့ iPhone သန်း ၆၀ မှာ ၈၀% က တရုတ်က ထုတ်ပေးတာပါ။ ဖုန်းတစ်လုံး ဖြစ်ဖို့ လိုတဲ့ အစိတ်အပိုင်းတွေဆိုတာက တရုတ်ကနေ ဝင်တာ/ထုတ်လုပ်တာတွေ များပါတယ်။
တကယ်ဆို တရုတ်မှာ iPhone , iPad တွေ ထုတ်တာက အိန္ဒိယထက်တောင် ပိုအကုန်အကျသက်သာတယ်လို့ ပြောရမှာပါ။ Reuters သတင်းမှာဆို အိန္ဒိယမှာ iPhone ထုတ်လုပ်တာက တရုတ်မှာထက် ၅-၈% ပိုစရိတ်စကများတယ်လို့ ဆိုပါတယ်။
