လမ်းပိတ်လို ကားသမားကို ပြဿနာရှာမိရာကနေ နောက်ကားသမားက စိတ္တဇလူသတ်သမားဖြစ်နေတဲ့အခါ
Unhinged
2020 ‧ Thriller/Action ‧ 1h 30m
မင်းသားကြီး Russell Crowe နဲ့ မင်းသမီး Caren Pistorius တိုရဲ့ သွေးအေးဖိုက်တာကားပါ။
Action/Thriller လို ပြောပေမယ့် ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။
ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။
လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။
စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။
ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။
သည်းထိပ်ရင်ဖိုကြိုက်တဲ့အတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ရုပ်ရှင်ကားကြီးပါပဲ။
