ဖခင်ဖြစ်သူ သီဟတင်စိုးနဲ့ ဖမ်းဆီးခံထားရတဲ့ အိမ်အကူ ခင်မာမြင့်တို့ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးမယ့် စစ်နိုင်သီဟဦး
သရုပ်ဆောင် သီဟတင်စိုး ရဲ့စွပ်စွဲခံရပြီး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မှန်တွေကိုရိုက်ကူးဖို့ ရုပ်ဆင်တူတဲ့သူတွေကို သားဖြစ်သူ စစ်နိုင်သီဟဦးက ရှာဖွေပြီးရိုက်ကူးမှာပါ။ အိမ်အကူ ခင်မာမြင့်က အိမ်ရှင်ဖြစ်သူ သရုပ်ဆောင်သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်ဆိုပြီး စွပ်စွဲကာ လီဆယ်တိုင်တန်းခဲ့တာကြောင့် ခဏတာ အချုပ်ကျခံခဲ့ရတာပါ။ အဆိုပါအဖြစ်အပျက်တွေဟာ စစ်နိုင်သီဟဦး အသက် ၁၉,၂၀ ဝန်းကျင်မှာဖြစ်ပျက်ခဲ့ပြီး သူကိုယ်တိုင်ပဲဒီပြဿနာတွေကိုဖြေရှင်းခဲ့တယ်လို့ စစ်နိုင်သီဟဦးကပြောပါတယ်။ လက်ရှိမှာတော့ စွပ်စွဲခဲ့သူ ခင်မာမြင့်ဟာ အကျဉ်းကျနေတယ်လို့ သူကပြောပါတယ်။
