6 d - Translate

လွန်ခဲ့တဲ့ 11 နှစ်ရဲ့ ဒီလိုအချိန်မှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကိုကစားခဲ့ရပါတယ်။ အဲ့ပွဲစဉ်မှာရီးရဲလ်အသင်းက ဒီမာရီယာ၊ ဂါရက်ဘေးလ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ 2 ဂိုး၊ 1 ဂိုးနဲ့ ဘာစီလိုနာအသင်းကိုအနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။

အခုနှစ်ဘောလုံးရာသီမှာဆိုလည်း ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကိုပါဒယ်ရေးဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို ကစားကြရဦးမှာပါ။ ဒီတစ်ကြိမ်မှာရော ဘာစီလိုနာအသင်းကိုအနိုင်ယူပြီး ရီးရဲလ်အသင်းကချန်ပီယံဖြစ်လာလေမလား။

image