" ဂါရဝတရား (၁၀)ပါး "
ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရိုသေလေးစားရမည့် အရာ(၁၀)ပါး
၁။ ဗုဒ္ဓ ဂါရဝ- ဘုရားရှင်အား လေးစားရခြင်း
၂။ ဓမ္မ ဂါရဝ- တရားတော်အား လေးစားရခြင်း
၃။ သံဃ ဂါရဝ- သံဃာတော်အား လေးစားရခြင်း
၄။ သိက္ခာ ဂါရဝ- ကျင့်ကြံလေ့လာမှု၌ လေးစားရခြင်း
၅။ သမာဓိ ဂါရဝ- တည်ကြည်ဖြောင့်မှန်မှု၌ လေးစားရခြင်း
၆။ အပ္ပမာဒ ဂါရဝ- ကောင်းမှုမင်္ဂလာ၌ မမေ့မလျော့ လေးစားရခြင်း
၇။ ပဋိသန္ထာရ ဂါရဝ- ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ချောမောရေး၌ လေးစားရခြင်း
၈။ ဟိရီ ဂါရဝ- မကောင်းမှု ပြုလုပ်ရမည်မှ ရှက်ခြင်း၌ လေးစားရခြင်း
၉။ ဩတ္တပ္ပ ဂါရဝ- မကောင်းသောအလုပ် ပြုလုပ်ရမည်မှ ကြောက်ခြင်း၌ လေးစားရခြင်း
၁၀။ အညမည ဂါရဝ- အချင်းချင်း အတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေမှု ရှိရခြင်းတို့ ဖြစ်၏။
ဤကား အင်္ဂုတ္တိုရ်လာ တူရာစုပေါင်း၍ ပြဆိုခြင်း ဖြစ်ပေ၏။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။
အရှင်ဉာဏာဝုဓ ( ဉာဏရောင်ခြည် ) ပူဇော်သည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပြန်လည်ကူးယူမျှဝေပူဇော်သည်။

image