6 d - Translate

ဧရာဝတီမြစ်ရေ ထူးခြားစွာ မြင့်တက်ခဲ့

(ပြည်တွင်း) ဧပြီ ၂၅
ဧပြီလ ၂၄ ရက်နေလယ် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ၄၈၈ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၁ ရက်အတွင်း ၇ ပေခွဲခန့်မြင့်တက်ခဲ့တဲ့အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ အဆိုပါမြစ်ရေက နောက် ၁ ရက်မှ ၅ ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာနှင့်သပိတ်ကျင်းမြို့တို့မှာ ၅ ပေခွဲမှ ၉ ပေခွဲခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

ထို့နည်းတူ နောက် ၅ ရက်မှ ၈ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊‌ညောင်ဦးမြို့တို့မှာ ၄ ပေခွဲမှ ၅ ပေခွဲခန့်၊ ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၃ ပေခွဲမှ ၄ ပေခွဲအထိ လက်ရှိရေမှတ်များအထက်သို့ဆက်လကပ်မြင့်တက်လာနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

မြစ်ကြောင်းများအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောများအနေနဲ့ ဂရုပြုသင့်ကြောင်းနှင့် သဲသောင်ခုံများမှာ စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်ကြသူများအနေနဲ့လည်း မြစ်ရေတိုးလာနိုင်တာကို ဂရုပြုနေထိုင်သင့် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

image