6 d - Translate

အနှုတ်သမားများနှင့်ကင်းအောင်နေပါ
"""""""""""""""""""""""""""""""""""""
ဘဝမှာ
ကိုယ်နဲ့ အမြင်မတူတဲ့သူ
ကိုယ်ဘာလုပ်လုပ်မကောင်းမြင်တဲ့သူ
အကောင်းမြင်မပေးတတ်တဲ့သူ
ကိုယ်အဆင်ပြေနေရင် မပျော်ပေးနိုင်သူ
အဲ့လို Negative သမားတွေနဲ့တွေ့ရင်
သူ့ဆီက အနှုတ်ဓာတ်တွေကိုယ့်ဆီ
မကူးလာအောင် နေနိုင်တာ
အကောင်းဆုံးပဲ။
ငါ့ကိုအပြစ်မြင်ရက်လေခြင်းဆိုပြီး
စိတ်ညစ်နေရင်
ကိုယ့်ရဲ့အကြည်ဓာတ်ကို
ထိခိုက်ပါတယ်။
လူတိုင်းက ကိုယ့်က်ို သဘောမကျနိုင်ပါဘူး
ချစ်တဲ့သူရှိသလို မုန်းတဲ့သူရှိမယ်။
မကောင်းမြင်တဲ့သူအတွက်နဲ့
ကိုယ်ရဲ့ပျော်ရွှင်မှုတွေမလျော့ပါးစေပါနဲ့
အဲ့လိုလူတွေတွေ့ရင်
ဥပေက္ခာပြုပါ ,ရှောင်လိုက်ပါ။
ကိုယ်တိုင်က အပေါင်းလက္ခဏာလေးဆောင်အကောင်းစိတ်ဓာတ်လေးမွေးမြူထားရင်
ဘယ်သူတွေ
ဘယ်လိုလာ အနှုတ်သဘောဆောင်ဆောင်
ကိုယ်က အပြုံးလေးနဲ့ တုံ့ပြန်နိုင်ပါလိမ့်မယ်။
စာ - အနောနီးမတ်စ်မိုနစ်ခ်

image