ပျော်အောင်ပဲ နေခဲ့ပါတယ်
---------------------------------------
ဒီခုနှစ်တွေဟာ
ဘဝမှာ အခါးသီးဆုံးလို့တောင်
ဆိုလို့ရတဲ့ ခုနှစ်တွေပါ ။
မပျော်ရွှင်စရာတွေချည်းပဲ
များစွာ ကြုံတွေ့ခဲ့ရတယ် ။
ဒါတွေဟာ ခဏပါ
တစ်နေ့တော့အဆင်ပြေသွားမှာပါလို့
ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်းနဲ့
ကြိတ်မှိတ်ပြီး ဖြတ်သန်းခဲ့တာလည်း
ဒီယနေ့ထိဆို ရက်စွဲပေါင်း တော်တော်ကြာခဲ့ပေါ့ ။
ခံနိုင်ရည်ရှိလို့ မဟုတ်ပေမဲ့
ခံနိုင်ရည်ရှိအောင် နေခဲ့ရတယ် ။
ပျော်နေတာ မဟုတ်ပေမဲ့
ပျော်အောင်ပဲ နေခဲ့ရတယ် ။
ဘာပဲဖြစ်ဖြစ် ပြိုလဲလို့မဖြစ်သေးဘူးဆိုတဲ့
စိတ်တွေနဲ့ပဲ ရှေ့ဆက်ပြီးရှင်သန်ခဲ့ရတယ် ။
ဖြစ်နိုင်ရင်
ဟိုးတုန်းကနေ့ရက်တွေကို ပြန်သွားချင်တယ် ။
နောက်ပြီး တန်ဖိုးထားချင်တယ် ။
အရင်က ကိုယ့်အနားမှာ တရင်းတနှီးရှိခဲ့ကြတဲ့
သူငယ်ချင်းတွေနဲ့လည်း ပြန်ပြီးဆုံဆည်းချင်တယ် ။
တကယ်ပါ ၊ ဒီနှစ်တွေဟာ
ဘဝမှမကြုံစဖူး ကြုံခဲ့ရတဲ့
အမွန်းကြပ်ဆုံး နေ့ရက်တွေပါ ၊
ဝန်ခံရရင် အဝေးဆုံးကို ထွက်ပြေးသွားချင်တာ ၊
ဒါပေမဲ့
အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့ စိတ်တွေနဲ့ပဲ
ကိုယ့်ဘဝကိုယ် ပျော်အောင်ပဲ နေခဲ့ပါတယ် !!
