6 ရက် - ဘာသာပြန်ပါ။

ဆရာမ ဆုခြည်ကို ရဲ့ စာအုပ်‌ကောင်းတွေထဲကမှ သဘောကျမိဆုံး လက်ရာကောင်း တစ်ခု
အမှန်အတိုင်း ဝန်ခံရရင် တချို့အခန်းတွေမှာ ကျွန်တော်ကိုယ်တိုင်စာအုပ်ကို ပိတ်လိုက်ရပြီး လိုက်ငိုလိုက်ရတဲ့အခန်းတွေပါတယ် ။
ဝမ်းနည်းမှုနဲ့အတူ ကြည်နူးမှုဆိုတာကိုပါ ခံစားရတယ် ။
ဇာတ်လေးက ရိုးရှင်းသိမ်မွေ့တယ် ။ မွေးကတည်းက အတူတူ ကြီးပြင်းလာခဲ့တဲ့ ကောင်လေး၂ယောက်ကြားထဲက သံယောဇဉ် တစ်ခု ၊ မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်က သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို လွန်ဆွဲကြရတာတွေကို အသေးစိတ် ပုံဖော်ပေးထားတယ် ။
ယောကျာ်းချင်း ချစ်တာ မိန်းမချင်း ချစ်တာဟာ လိင်စိတ်တိန်းညွတ်မှုကြောင့်ဆိုတဲ့ ခေါင်းစဉ်ကြီးအောက် ဆွဲသွင်းပြီး အထင်သေး ရွံရှာတတ်ကြတဲ့သူတွေကြောင့် ဖြူစင်တဲ့ချစ်ခြင်းတွေဟာ ဒုက္ခများကုန်တတ်ကြတယ် ။
သဘာဝကိုလွန်ဆန်ပေမယ့် လူတစ်ယောက်ကို လူတစ်ယောက် ကချစ်တယ်ဆိုတဲ့ အရာလေးနဲ့ကြည့်တတ်ရင်ကျွန်တော်တို့ လောကကြီးက လှ‌ပနေမှာပါ ။
#htookhantvlogs
#ညီ
#htookhantbookreview

image