6 d - Translate

ဂျပန်နိုင်ငံရဲ့ ဒေါ်လာ ၂၀ ဘီလီယံတန် Kansai လေဆိပ်ဟာ ရေပေါ်မှာတည်ဆောက်ထားတဲ့ လေဆိပ်တစ်ခုပြီး တစ်ဖြည်းဖြည်းနဲ့ ရေအောက်ကို နစ်မြုပ်လျက်ရှိနေပါတယ်
Osaka ပင်လယ်အော်ရှိ လူလုပ်ကျွန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၉၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့စဉ်က ခေတ်မီအင်ဂျင်နီယာလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်
သိုသော် နှစ်ပေါင်း သုံးဆယ်ကြာပြီးနောက် ယခုအခါမှာတော့ အဲ့ဒီလေဆိပ်ဟာ နစ်မြုပ်မည့်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်
လေဆိပ်ဟာ ယခုအချိန်ထိ ၁၂ မီတာကျော် နစ်မြုပ်သွားပြီဖြစ်ကာ လက်ရှိနှုန်းအတိုင်း ဆက်လက်နစ်မြုပ်နေပါက ၂၀၅၆ ခုနှစ်မှာ လုံးဝနစ်မြုပ်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်
မူလဒီဇိုင်းမှာ တဖြည်းဖြည်းနစ်မြုပ်မယ်လို့ ခန့်မှန်းထားသော်လည်း လက်တွေ့မှာ မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ နစ်မြုပ်နေပြီး ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်လျက်ရှိနေပါတယ်
အာဏာပိုင်များက ခိုင်မာစေရန်နှင့် အဆင့်မြှင့်တင်ရန် ဘီလီယံပေါင်းများစွာ အကုန်အကျခံခဲ့သော်လည်း အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ပါတယ်
ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတို့က လေဆိပ်နှစ်မြုပ်မှုကို ဖိအားပေးလျက်ရှိပြီး ဂျပန်နိုင်ငံဟာ မကြာမှီကာလအတွင်း မှာ ၎င်းရဲ့အကြီးမားဆုံး အခြေခံအဆောက်အအုံ အတွက် စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်ဖို့ရှိနေပါတယ်
#knowledge #ဗဟုသုတ

image