6 ရက် - ဘာသာပြန်ပါ။

၂၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ခင်ပွန်းနဲ့အတူမရှိနိုင်သေးပေမယ့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်
သရုပ်ဆောင်ခိုင်သင်းကြည်က ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ မင်္ဂလာနှစ်ပတ်လည် ၂၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ခင်ပွန်းဖြစ်သူကိုခန့်နိုင်နဲ့ အတူတကွ မရှိနိုင်သေးသော်လည်း ခိုင်သင်းကြည်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူများအား ပြန်လည် ထူထောင်ရေး အတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တာပါ။ ဦးဇော်ဇော်တည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းသို့ ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

image