သေးသေးကျစ်ကျစ် ဒေါ်လာ ၄၅၀ မပြည့်တဲ့ OnePlus flagship
OnePlus တွေက flagship killer ဂုဏ်ပုဒ်ကို OnePlus 13T နဲ့ ဆက်ထိန်းသွားပါတယ်။
Snapdragon 8 Elite လို flagship SoC လည်း ပါမယ်။ ဖုန်းအရွယ်အစားနဲ့ မလိုက်အောင် ကြီးတဲ့ 6260 mAh ဘက်ထရီလည်း သုံးထားမယ်။ ဒီဇိုင်းက အသစ် ဖြစ်ပြီး ကင်မရာလည်း တော်တော်မိုက်မယ်။
ဒါတွေအားလုံးအတွက် ၃၃၉၉ ယွမ်ဈေးကနေ စတာကိုက OnePlus 13T ရဲ့ ထူးခြားချက်ပါ။ ကျောဘက် ကင်မရာဒီဇိုင်းက Xiaomi 11 နဲ့ ဆင်ပြီး ကင်မရာ island က ထောင့်လုံးစတုရန်းပုံနဲ့ လာပါတယ်။
screen အကြီးစားတွေ လူသုံးများတဲ့ ခေတ်မှာ ၆.၃၂ လက်မဆိုဒ် flagship ဖုန်းက compact မှ ကြိုက်တဲ့သူတွေအတွက် ရှားပါးရွေးစရာ ဖြစ်ပါလိမ့်မယ်။ display က LTPO AMOLED အမျိုးအစား ဖြစ်ပြီး FHD+ ရုပ်ထွက်နဲ့ 1-120Hz adaptive refresh rate ပါပါတယ်။
OnePlus ရဲ့ အစဉ်အလာ slider နေရာမှာ Shortcut Key ဆိုပြီး app နဲ့ တခြား shortcuts တွေ ဖွင့်လို့ရမယ့် ခလုတ်တစ်ခု ပါလာပါမယ်။ အရွယ်အစားသေးပေမယ့် သုံးထားတဲ့ ဘက်ထရီက ဧရာမကြီး ဖြစ်ပြီး 80W charging စနစ်နဲ့ ထုတ်ထားပါတယ်။
အပူထိန်းဖို့ ၄၄၀၀ မီလီမီတာပတ်လည် VC Cooling ၊ ရေစိုဖုန်ဝင်ဒဏ်တွေကို တော်တော်ကြီးခံနိုင်ရည်ရှိတဲ့ IP65 rating ၊ ကျောဘက် 50MP Sony LYT700 main sensor + 50MP 2x telephoto lens နဲ့ 32MP Selfie ကင်မရာတွေပါပါမယ်။
ကွန်ရက်ချိတ်ဆက်ဖို့ G1 Wi-FI chip ၊ 360 degree ပတ်လည် အန်တနာစနစ် တွေနဲ့ လာပြီး signal ဖမ်းယူမှု ၅၀% လိုင်းပိုကောင်းမယ်လို့ ပြောပါတယ်။ မီးခိုး ၊ ပန်းရောင် နဲ့ အနက် သုံးရောင်နဲ့ လာပြီး Android 15 ပေါ် အခြေခံတဲ့ ColorOS 15 နဲ့ ထွက်ထားပါတယ်။
